ATP Finals ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ မက်ဗီဒက်ဗ်ကို အနိုင်ယူပြီး ဂျာမနီနိုင်ငံသား အလက်ဇန္ဒားဇီဗာရက်ဗ် ဗိုလ်စွဲ

ATP Finals ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ မက်ဗီဒက်ဗ်ကို အနိုင်ယူပြီး ဂျာမနီနိုင်ငံသား အလက်ဇန္ဒားဇီဗာရက်ဗ် ဗိုလ်စွဲ
Photo: ATP
Photo: ATP
Published 23 November 2021

၂၀၂၁ တင်းနစ်ရာသီ၏ ရာသီပိတ်ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင့်အမြင့်ဆုံးကစားသမား (၈) ဦး ယှဉ်ပြိုင်သည့် ATP Finals ပြိုင်ပွဲတွင် ဂျာမနီနိုင်ငံသား အလက်ဇန္ဒား ဇီဗာရက်ဗ်က လက်ရှိချန်ပီယံဖြစ်သူ ရုရှားကစားသမား မက်ဗီဒက်ဗ်အား ၆-၄၊ ၆-၄ ဖြင့် (၂)ပွဲပြတ် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရှိရသည်။

ကစားသမား (၈)ဦးကို အစိမ်းအုပ်စုနှင့် အနီအုပ်စုအဖြစ် (၄)ဦးစီခွဲကာ ယှဉ်ပြိုင်ခဲ့ပြီး အစိမ်းအုပ်စုတွင် ဂျိုကိုဗစ်က အုပ်စုဗိုလ်၊ ကက်စ်ပါရုဒ်က အုပ်စုဒုတိယနေရာရရှိခဲ့သည်။

အနီအုပ်စုတွင်မူ မက်ဗီဒက်ဗ်က အုပ်စုဗိုလ်၊ ဇီဗာရက်ဗ်က အုပ်စုဒုတိယရရှိခဲ့သည်။

ယင်းနောက် ဆီမီးဖိုင်နယ် ဆက်ကစားခဲ့ရာ ဇီဗာရက်ဗ်က ဂျိုကိုဗစ်အား ၇-၆ (၇-၄)၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရခဲ့ပြီး၊ မက်ဗီဒက်ဗ်က ကက်စ်ပါရုဒ်ကို ၆-၄၊ ၆-၄ ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲတက်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်လုပွဲတွင် အုပ်စုတွင်းဆုံတွေ့ခဲ့ဖူးသည့် ကစားသမား (၂)ဦး ပြန်လည်ဆုံတွေ့ခဲ့ရာ အုပ်စုတွင်းပွဲစဉ်ကစားစဉ်က (၂-၁) ပွဲဖြင့် အနိုင်ရထားသည့် ဇီဗာရက်ဗ်က ၆-၄၊  ၆-၄ ဖြင့် ထပ်မံအနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်းလည်းဖြစ်သည်။

ပြိုင်ပွဲကို အီတလီနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ဒေါ်လာ (၇.၂၅)သန်းကို နိုင်ပွဲအလိုက် ဆုကြေးနှင့် ချန်ပီယံဆုကြေး ပေါင်းပြီးချီးမြှင့်ရာ ဇီဗာရက်ဗ်က အများဆုံးရရှိခဲ့သည်။ 

Most Read

Most Recent