တာမွေမြို့နယ် ကျားကွက်သစ် ရပ်ကွက်ရှိ အထက ၂ ကျောင်း‌ရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွား

တာမွေမြို့နယ် ကျားကွက်သစ် ရပ်ကွက်ရှိ အထက ၂ ကျောင်း‌ရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွား
Published 20 November 2021

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်၊ ကျားကွက်သစ်လမ်းရှိ အထက ၂ ကျောင်း‌ရှေ့တွင် နိုဝင်ဘာ ၂၀ ရက် (ယနေ့) နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ်နေသူများထံမှ သိရသည်။

အဆိုပါပေါက်ကွဲမှုဖြစ်ပွားသည့် အထက်တန်းကျောင်းနှင့် ကပ်လျက်တွက် လျှပ်စစ်ဓာတ်အားခွဲရုံတည်ရှိပြီး ယင်းပေါက်ကွဲမှုကြောင့် ထိခိုဒဏ်ရာရသူမရှိကြောင်းသိရသည်။

တာမွေမြို့နယ် နေသူတစ်ဦးက " ကျောင်းအပြင်ဘက်နားမှာပေါက်တာ။ လူထိဝာတော့ မရှိဘူး။ ပေါက်ကွဲတာဖြစ်ပြီးတော့ ရဲကား၊စစ်ကားတွေ ၅ ‌စီးအထက်လောက် ရောက်လာပြီး နောက်ထပ် လက်လုပ်ဗုံးရှိမရှိ ရှာဖွေ စစ်ဆေးတာတွေလုပ်ကြတယ် "ဟု ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့သုံး DC ကားများ၊ Faw ကားများရောက်ရှိလာပြီး အခင်းဖြစ်နေရာသို့ရောက်ရှိလာကာ လမ်းယာယီပိတ်၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သာကေတမြို့နယ်၊ ၁၀/တောင် ရပ်ကွက်၊ ခိုင်ရွှေလမ်းရှိ ၁၀/တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေသူများထံမှ သိရသည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ရှိနိုင်ကြောင်း၊ အရေအတွက်ကိုမူ မသိရှိရသေးပဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent