မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့ရှိမှု သုံးပတ်ဆက်တိုက် ငါးရာခိုင်နှုန်းအောက် လျော့ကျခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ နှစ်ပတ်အတွင်းသေဆုံးသူ ၂၃၀ ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
နိုဝင်ဘာ ၁ ရက်တွင်သေဆုံးသူ ၁၇ ဦး၊ နိုဝင်ဘာ ၂ ရက်တွင် သေဆုံးသူ ၁၄ ဦး၊ နိုဝင်ဘာ ၃ ရက်တွင် သေဆုံးသူ ၁၆ ဦး၊ နိုဝင်ဘာ ၄ ရက်တွင်၂၂ ဦး၊နိုဝင်ဘာ ၅ ရက်တွင် ၁၇ ဦး၊ နိုဝင်ဘာ ၆ ရက်တွင်၂၁ ဦး၊ နိုဝင်ဘာ ၇ ရက်တွင် ၁၇ ဦး၊ နိုဝင်ဘာ ၈ ရက်တွင် ၁၈ ဦး၊ နိုဝင်ဘာ ၉ ရက်တွင် ၁၆ ဦး၊ နိုဝင်ဘာ ၁၀ ရက်တွင် ၁၄ ဦး၊ နိုဝင်ဘာ ၁၁ ရက်တွင် ၁၃ ဦး၊ နိုဝင်ဘာ ၁၂ ရက်တွင် ၁၇ ဦး၊ နိုဝင်ဘာ ၁၃ ရက်တွင် ၁၄ ဦး၊ နိုဝင်ဘာ ၁၄ ရက်တွင် ၁၆ ဦးရှိခဲ့ပြီး နှစ်ပတ်အတွင်း သေဆုံးသူ စုစုပေါင်း ၂၃၂ ဦး ရှိခဲ့သည်။
ရောဂါပိုးတွေ့ရှိမှုအနေဖြင့် နိုဝင်ဘာ ၁ ရက်တွင် ၄ ဒသမ ၅၆ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၂ ရက်တွင် ၄ ဒသမ ၃၀ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၃ ရက်တွင် ၃ ဒသမ ၃၂ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၄ ရက်တွင် ၄ ဒသမ ၄၁ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၅ ရက်တွင် ၄ ဒသမ ၆၅ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၆ ရက်တွင် ၄ ဒသမ၂၀ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၇ ရက်တွင် ၃ ဒသမ ၅၅ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၈ ရက်တွင် ၃ ဒသမ ၈၂ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၉ ရက်တွင် ၃ ဒသမ ၁၃ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၁၀ ရက်တွင် ၄ ဒသမ ၀၉ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၁၁ ရက်တွင် ၃ ဒသမ ၉၄ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၁၂ ရက်တွင် ၃ ဒသမ ၇၉ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၁၃ ရက်တွင် ၃ ဒသမ ၂၁ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၁၄ ရက်တွင် ၃ ဒသမ ၁၀ ရာခိုင်နှုန်း ရှိခဲ့သည်။ ရောဂါပိုးတွေ့ရှိမှုနှုန်း သိသိသာသာ လျော့ကျခဲ့သည့် အောက်တိုဘာလအတွင်း နေ့စဉ်သေဆုံးသူအနေဖြင့် ၅၀ ကျော်မှ ၂၀ ဦးဝန်းကျင်ရှိခဲ့ပြီး တစ်လအတွင်း စုစုပေါင်း ၉၆၀ ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလတွင် ရောဂါပိုးစစ်ဆေးနိုင်မှု အခြေအနေအရ ပိုးတွေ့ရှိမှုအနေဖြင့် အောက်တိုဘာ ၁ ရက်မှ စတင်ကာ အောက်တိုဘာ ၂၃ ရက်အထိ ၁၀ ရာခိုင်နှုန်းအောက် လျော့ကျခဲ့ပြီး အောက်တိုဘာ ၂၄ ရက်မှ လကုန်အထိပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်သာ ရှိခဲ့သည်။
ထို့ပြင် စက်တင်ဘာလအစပိုင်းတွင် သေဆုံးသူ ၁၀၀ ဝန်းကျင်ရှိခဲ့ပြီး လကုန်ပိုင်းတွင် သေဆုံးသူ ၅၀ ဝန်းကျင်အထိ လျော့ကျခဲ့ကာ တစ်လအတွင်း သေဆုံးသူစုစုပေါင်း ၂၃၄၆ ဦးရှိခဲ့သည်။
စက်တင်ဘာလအအတွင်း ပိုးတွေ့ရှိမှုအနေဖြင့် ရောဂါပိုးစစ်ဆေးနိုင်မှုအရ စက်တင်ဘာ ၁ ရက်တွင် စက်တင်ဘာ ၄ ရက်အထိ ရာခိုင်နှုန်း ၁၀ အောက်လျော့ခဲ့ပြီး နေ့စဉ်ပျမ်းမျှ ရှစ်ရာခိုင်နှုန်းဝန်းကျင်မှ ကိုးရာခိုင်နှုန်း ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ မေ ၂၇ ရက်မှစ၍ COVID-19 ရောဂါပိုးတွေ့လူနာ ပြန်လည်များပြားလာပြီး ကိုဗစ်တတိယလှိုင်းကို အစပျိုးဖြစ်ပွားလာခဲ့ပြီး ဇွန်လအတွင်း ပိုးတွေ့လူနာ ၁၀၀ ကျော်မှ ၁၅၀၀ ကျော်အထိ တွေ့ရှိခဲ့သည်။
ထို့နောက် ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု ၂၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၄၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ရက်အလိုက် သေဆုံးသူ မြင့်တက်ခဲ့ကာ သေဆုံးသူ စုစုပေါင်း သေဆုံးသူ ၆၀၀၀ ကျော်အထိရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသည်။
ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု အခြေအနေအရ နေ့စဉ်၂၀၀၀ ကျော်မှ ၆၀၀၀ ကျော်အထိ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်မှုအရ သိရသော်လည်း ယင်းကာလတွင် အခြေအနေအကြောင်း အမျိုးမျိုးကြောင့် မိမိနေအိမ်တွင်ပင် ဆေးကုသမှုပြုလုပ်ခဲ့ကြကာ COVID-19 သံသယလက္ခဏာများဖြင့် အမြို့မြို့အနယ်နယ်တွင် သေဆုံးသူ အများအပြားခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များထံက သိရသည်။ ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု အခြေအနေအရ နေ့စဉ် ၂၀၀၀ ကျော်မှ ၆၀၀၀ ကျော်အထိ ရောဂါပိုးတွေ့ရှိခဲ့ပြီး နေ့စဉ်ရောဂါပိုုးတွေ့ရှိမှု မြင့်တက်ခဲ့သည်။
သြဂုတ် ၅ ရက် နောက်ပိုင်းတွင် ပိုးတွေ့ ရှိမှုရာခိုင်နှုန်း ပြန်လည်လျော့ကျပြီး ၂၀ ရာခိုင်နှုန်းကျော်တွင် တွေ့ရှိလာပြီး သေဆုံးသူများအနေဖြင့် နေ့စဉ် ၁၀၀ ကျော်မှ ၂၀၀ ဝန်းကျင်အထိရှိခဲ့ကာ သြဂုတ်လတစ်လအတွင်း သေဆုံးသူ ၆၀၀၀ ကျော်ရှိခဲ့သည်။















