ဒေးဗစ်မွိုက်စ်က ၂၀၁၅-၁၆ ရာသီမှာ လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာကို အမြဲတမ်း အားကျခဲ့သူပါ။ အသင်းကြီးတွေကို နောက်ကောက်ချပြီး ချန်ပီယံဆုယူခဲ့တဲ့ ရာနီရေးရီနဲ့ လက်စတာအသင်း ရှေ့ ဆောင်လမ်းပြခဲ့ပုံက ဒီအချိန်ထိ မွိုက်စ်ကို စိတ်လှုပ်ရှားစေတုန်းပဲ။ လက်စတာရဲ့အစဉ်အလာကို အတုယူပြီး တစ်ခုခုလုပ်ပြချင်တယ်လို့ ပြီးခဲ့တဲ့ရာသီမှာ သူပြောခဲ့တယ်။ အဲဒီနှစ်မှာ ဝက်စ်ဟမ်းက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အနီးဆုံးနေရာကို ရောက်ခဲ့တယ်။ အဆင့် (၄)နေရာက ချယ်လ်ဆီးနဲ့ (၂)မှတ်အကွာ။ ဒါပေမဲ့ ဝက်စ်ဟမ်းအသင်းနဲ့ အ နှစ်နှစ်အလလဝေးကွာနေတဲ့ ဥရောပပြိုင်ပွဲကစားခွင့်ရအောင် သူစွမ်းဆောင်နိုင်ခဲ့တာပဲ။ ၂၀၁၉-၂ဝရာသီကုန်မှာ ဝက်စ်ဟမ်းက အမှတ်ပေးဇယားရဲ့ အောက်ဆုံး (၅)သင်းစာရင်းဝင်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ အဆင့်(၆)နဲ့ ရာသီပိတ်သိမ်းခဲ့တယ်။ ဒီတော့ လက်ရှိရာသီမှာ သူတို့ ဘယ်အထိ ခြေဆန့်နိုင်မလဲဆိုတာ အားလုံးစိတ်ဝင်စားတဲ့မေးခွန်း ဖြစ်လာတယ်။
Big Six ကို တံခါးခေါက်လိုက်တဲ့ ဒေးဗစ်မွိုက်စ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
14 hours ago
14 hours ago
14 hours ago