ဟော်လန်းမှာ ရီးယဲလ်နှင့် ပို၍ သင့်လျော်နိုင်သည်ဟု လိုသာမားသီးယက်စ်ဆို

ဟော်လန်းမှာ ရီးယဲလ်နှင့် ပို၍ သင့်လျော်နိုင်သည်ဟု လိုသာမားသီးယက်စ်ဆို
Photo: Getty Images
Photo: Getty Images
Published 8 November 2021

ဘိုင်ယန်မြူးနစ်အသင်း၏ ဂန္ထဝင်ကွင်းလယ်လူဟောင်း လိုသာမားသီးယက်စ်က ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းမှာ ရီးယဲလ်အသင်းနှင့် ပို၍သင့်လျော်နိုင်သည်ဟုပြောကြားခဲ့သည်။

ဟော်လန်းအား လာမည့်နွေရာသီတွင်ခေါ်ယူနိုင်ရန်အတွက် ရီးယဲလ်၊ ဘိုင်ယန်မြူးနစ်အပါအဝင် ဥရောပအသင်းကြီးများမှာ အပြိုင်ကြိုးပမ်းနေကြောင်း သတင်းများထွက်ပေါ်နေပြီး မားသီးယက်စ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လိုသာမားသီးယက်စ်က '' ဟော်လန်းဟာ ရီးယဲလ်အသင်းနဲ့ ပိုပြီးသင့်လျော်နိုင်ပါတယ်။ ဘာပေနဲ့ တွဲဖက်ပြီးတော့ပေါ့'' ဟုပြောကြားခဲ့သည်။

ဟော်လန်းသည် လက်ရှိအချိန်တွင် တင်ပါးဒဏ်ရာကြောင့် အနားယူနေရပြီး ယခုနှစ်အတွင်း ပြန်ကစားနိုင်ဖွယ်မရှိကြောင်း သိရသည်။

Most Read

Most Recent