နယူးကာဆယ်အသင်းမှ ပြင်သစ်တောင်ပံကစားသမား စိန့်မက်ဆီမင်က မိမိ၏လက်ရှိခြေစွမ်းမှာ ပြင်သစ်လက်ရွေးစင်ဖြစ်သင့်ပြီဟု ပြောကြားခဲ့သည်။
စိန့်မက်ဆီမင်(၂၄ နှစ်)သည် ပြင်သစ်ယူ-၂၁ အသင်းအတွက်သာ ရွေးချယ်ခံ ရဖူးသူဖြစ်ပြီး လက်ရှိအချိန်တွင် နယူူးကာဆယ်အသင်းအတွက် ခြေစွမ်းပြနေခြင်းကြောင့် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက " ပြင်သစ်လက်ရွေးစင်ဖြစ်သင့်တဲ့ ခြေစွမ်း အဆင့်အတန်းမျိုး ရှိနေပြီလားဆိုရင် ရှိနေပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီလိုအခွင့်အရေးရသင့်တဲ့ ကစားသမားတွေလည်း အများကြီးရှိနေပါတယ်" ဟု ပြောကြားခဲ့သည်။















