ကြယ်တစ်ပွင့်ရဲ့ အချိန်အခါ

ကြယ်တစ်ပွင့်ရဲ့ အချိန်အခါ
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 3 November 2021
Wai Yan Aung

ဗင်နီစီယပ်စ်က သွင်းဂိုးသက်သက်တင် မဟုတ်ဘဲ ဂိုးဖန်တီးမှု (၅)ကြိမ်လည်း ပြုလုပ်ပေးထားပါတယ်။ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် သွင်းဂိုး(၃၃)ဂိုးကို ကစားသမား(၁၁)ယောက်က သွင်းယူပေးထားပေမဲ့ အဓိကဂိုးသွင်းရှင်နှစ်ဦးက တော့ ဘန်ဇီမာနဲ့ ဗင်နီစီယပ်စ်တို့ပါ။ ဘန်ဇီမာက (၁၁)ဂိုး၊ ဗင်နီစီယပ်စ်က (၉)ဂိုး သွင်းယူထားတာပါ။ သူတို့နှစ်ဦးက အပြန်အလှန်ဂိုးဖန်တီးမှုတွေနဲ့အတူ အရင်ရာသီတွေထက် ပိုကောင်းတဲ့ အတွဲအဖက် ဖြစ်ကြောင်း ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါက နည်းပြ အန်ဆယ်လော့တီ ဖြစ်သွားတဲ့ အပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်ပေမဲ့ ဗင်နီစီယပ်စ်ရဲ့ တောက်ပချိန် ကျရောက်လာတာကြောင့်လို့လည်း ဆိုနိုင်ပါတယ်။ နည်းပြ ဇီဒန်းလက်ထက်မှာလည်း ဗင်နီစီယပ်စ်ကို ယုံကြည်ခဲ့၊ အခွင့်အရေးတွေ ပေးခဲ့တယ်ဆိုတာ သူ ကစားခဲ့တဲ့ ပွဲအရေအတွက်ကိုကြည့်ရင် သိနိုင်ပါတယ်။ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်းလည်း ဗင်နီစီယပ်စ်က ပြသနိုင်ခဲ့ပါတယ်။ သူ ပါဝင်ကစားခဲ့တဲ့ပွဲတွေတိုင်း ရီးယဲလ်အသင်းရဲ့ တိုက်စစ်က လှုပ်ခတ်နေခဲ့သလို၊ ပြိုင်ဘက်ကိုလည်း ဖိအားကောင်းကောင်းပေးနိုင်ခဲ့တာပါ။

 

Most Read

Most Recent