စတိဗ်ဘရုစ်ရဲ့ နာကျင်စရာ ပွဲ(၁၀၀၀)ပြည့် 

စတိဗ်ဘရုစ်ရဲ့ နာကျင်စရာ ပွဲ(၁၀၀၀)ပြည့် 
Photos: AFP
Photos: AFP
Published 27 October 2021
အယ်နီညို

စတိဗ်ဘရုစ်က သူ့အသက် (၆၀)ဆိုတဲ့ အရွယ်နဲ့တွက်ရင် နည်းပြဘဝ ပွဲ(၁၀၀၀)ပြည့် ဆိုတာ အရမ်းကောင်းတဲ့မှတ်တမ်းပါ။ အရင် (၉၉၉)ပွဲကို သူက ရှက်ဖီး၊ ဟတ်ဒါဖီးလ်၊ ဝီဂန်၊ ဆန်းဒါးလန်း၊ ဟားလ်စီးတီး၊ ဗီလာ၊ ရှက်ဖီး ဝင်းစ်ဒေးတို့မှာ ကုန်ဆုံးခဲ့ပြီး ကလေးဘဝတည်း က အားပေးလာခဲ့တဲ့ နယူးကာဆယ်ကိုတော့ ၂၀၁၉ ကနေ ထုတ်ပယ်ခံရတဲ့အချိန်ထိ ကိုင် တွယ်သွားတယ်။ ဒါပေမဲ့ နယူးကာဆယ်နည်းပြ သက်တမ်းအတွင်း ပရိသတ်တွေရဲ့ ဆန့်ကျင်မှုနဲ့ အမြဲရင်ဆိုင်ခဲ့ရတယ်။ ဘရုစ်ရဲ့ကစားပုံနဲ့ပတ် သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခံရတယ်။ သူ့ အတွက် အဲဒီဖိအားတွေက စိတ်ဒဏ်ရာတွေ ဖြစ်ခဲ့တယ်။ PIF လက်ထဲရောက်သွားပြီးမှ ဘရုစ်ရဲ့ ဖိအားတွေကို လူတွေ သတိထားမိခဲ့ကြတာပါ။ တကယ်တော့ ဒီမတိုင်ခင်တည်းက သူ့အတွက် တိုက်ခိုက်ခံရတာတွေ အများကြီး။ ကာဆယ် နည်းပြဘဝမှာ သူ့အပေါ်  စုပြုံကျလာတဲ့ ဖိအား တွေကို ကိုင်တွယ်နိုင်မယ် ထင်ခဲ့ပေမဲ့ ထင် သလောက် မလွယ်ဘူး။ အရမ်းခက်ခဲခဲ့တယ်။ ပရိသတ်တွေက သူ့ကိုဘယ်တုန်းကမှ မလိုချင်ခဲ့ ကြဘူး။