မန်ယူအသင်းတွင် ကစားသမားဘဝကုန်ဆုံးပြီး နည်းပြဘဝစရန် စီရော်နယ်လ်ဒို ပစ်မှတ်ထား

မန်ယူအသင်းတွင် ကစားသမားဘဝကုန်ဆုံးပြီး နည်းပြဘဝစရန် စီရော်နယ်လ်ဒို ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 27 September 2021

    မန်ယူအသင်း၏ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် ကစားသမားဘဝကုန်ဆုံးပြီး နည်းပြဘဝစတင်ရန် ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။

လက်ရှိတွင် အသက်(၃၆)နှစ်အရွယ်ရှိသူ စီရော်နယ်လ်ဒိုသည် မန်ယူအသင်းနှင့် (၂)နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုထားပြီး ၎င်းအနေဖြင့် ကြံ့ခိုင်မှုအရ အသက်(၄၀)ဝန်းကျင်အရွယ်အထိ ဘောလုံးကစားနိုင်မည်ဖြစ်ကြောင်း ထင်မြင်ယူဆချက်များရှိနေသည်။

The Sun ၏ ဖော်ပြချက်အရ စီရော်နယ်လ်ဒိုသည် သူ၏ အကြီးဆုံးသားဖြစ်သူ ရော်နယ်လ်ဒိုဂျုနီယာအား မန်ယူလူငယ်အသင်း၌ ဘောလုံးသမားဘဝ စတင်သွားရန် ရည်ရွယ်ထားပြီး ၎င်း၏ဘောလုံးခြေစွမ်းတိုးတက်မှုများကို အနီးကပ်အကဲဖြတ်နိုင်ရန်အတွက် မန်ယူအသင်းတွင် နည်းပြတစ်ဦးအဖြစ် ပြုလုပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

Most Read

Most Recent