အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုစွဲချက်များ ရင်ဆိုင်နေရသည့် မန်စီးတီးနောက်ခံလူ မန်ဒီ အာမခံမရသဖြင့် ဇန်နဝါရီအထိ ထိန်းသိမ်းခံရမည်

အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုစွဲချက်များ ရင်ဆိုင်နေရသည့် မန်စီးတီးနောက်ခံလူ မန်ဒီ အာမခံမရသဖြင့် ဇန်နဝါရီအထိ ထိန်းသိမ်းခံရမည်
Photo: Getty Images
Photo: Getty Images
Published 12 September 2021

 

အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုစွဲချက်များ ရင်ဆိုင်နေရသည့် မန်စီးတီး အသင်းနောက်ခံလူ မန်ဒီသည် အာမခံမရသဖြင့် ဇန်နဝါရီအထိ ဆက်လက်ထိန်းသိမ်းခံထားရမည်ဖြစ်ကြောင်း သိရသည်။

ပြင်သစ်နောက်ခံလူ မန်ဒီ (၂၇ နှစ်) သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာမှ ယခုနှစ် သြဂုတ်လအတွင်း အမျိုးသမီးသုံးဦးကို အဓမ္မ ပြုကျင့်မှု စွဲချက်လေးခု၊ လိင်ပိုင်းဆိုင်ရာစော် ကားမှု စွဲချက်တစ်ခုဖြင့် သြဂုတ် ၂၆ ရက်မှစ၍ ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ 

ယင်းအမှုကို သောကြာနေ့က ချက်စတာ ခရောင်းတရားရုံး၌ ၄၅ မိနစ်ကြာ ကြားနာ စစ်ဆေးခဲ့ပြီး မန်ဒီအပါအဝင် နှစ်ဦးကို အာမခံ မပေးဘဲ ဇန်နဝါရီ ၂၄ ရက်တွင် ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent