အီတလီစီးရီးအေပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 12 September 2021

ဆမ်ဒိုးရီးယား - အင်တာမီလန် (တနင်္ဂနွေညနေ ၅း၀၀ နာရီ)

အဖွင့်ပွဲနှစ်ပွဲစလုံး နိုင်ပွဲပျောက်ထားပေမဲ့ ဆမ်ဒိုးရီးယား ရဲ့ စုဖွဲ့မှုနဲ့ ကစားအားကောင်းမွန်မှုကို အသိအမှတ်ပြုရပါမယ်။ အင်တာမီလန်က ကွန်တီ မရှိလည်းဖြစ်၊ လူကာကူ မရှိလည်း ဖြစ်ဇာတ်လမ်းကို ထက်မြက်စွာအသုံးတော်ခံနေတယ်။ ဒါပေမဲ့ ပြိုင်ဘက်ကို အခွင့်အရေးတွေ ပြန်ပေးနေရတာ တွေ့ရပြီး အ ဆုံးသတ်သမားကောင်းရှိတဲ့အသင်းနဲ့ဆို မလွယ်ပါဘူး။ အင် တာမီလန် နိုင်ပွဲဆက်မယ်ဆိုပေမဲ့ ကပ်နိုင်ရုံပါပဲ။

ကာဂလီယာရီ - ဂျီနိုအာ (တနင်္ဂနွေည ရး၃၀ နာရီ)

ခံစစ်အားနည်းချက်တွေနဲ့ နှစ်သင်းဆုံတွေ့မယ့်ပွဲပါ။ စီးရီး တန်းနဲ့ကိုက်ညီတဲ့ကစားသမားတွေ ပိုင်ဆိုင်ထားပေမဲ့ ကစားပုံ အားရစရာမရှိတဲ့အသင်းတွေလည်း ဖြစ်ပါတယ်။ သရေကျဖို့ များပြီး နိုင်မယ်ဆိုရင် ကာဂလီယာရီပဲ ဖြစ်လိမ့်မယ်။

စပီဇီယာ - အူဒီးနီးစ် (တနင်္ဂနွေည ရး၃၀ နာရီ)

ရာသီအဖွင့်ရလဒ်ကောင်းနေတဲ့အသင်းတွေထဲ အူဒီးနီးစ် လည်း ပါတယ်။ တိုက်စစ်က (၅)ဂိုးအထိသွင်းထားနိုင်တာက လည်း ချီးကျူးချင်စရာပါ။ စပီဇီယာက ဖွင့်ကစားချင်တဲ့စိတ်ကို လက်ရှိရာသီအထိ မဖျောက်နိုင်သေးဘူး။ လာဇီယိုကို အပြန် အလှန်ကစားနိုင်စွမ်းမရှိချိန်မှာ ဖွင့်ကစားချင်တဲ့စိတ်ကြောင့် ဂိုး ပြတ်ရှုံးခဲ့ရပြီးပါပြီ။ အူဒီးနီးစ်အတက်ဘက်ရောက်နေပေမဲ့ ဂိုး များတဲ့သရေပွဲဖြစ်လာနိုင်တယ်။

တိုရီနို - ဆလာနီတာနာ (တနင်္ဂနွေည ရး၃၀ နာရီ)    

နှစ်ပွဲဆက်ရှုံးနိမ့်ထားတဲ့ အသင်းနှစ်သင်း အမှတ်လုမယ့် ပွဲပါ။ တိုရီနိုက အတ္တလန်တာ၊ ဖီအိုရင်တီးနားတို့နဲ့ပွဲတွေမှာ က စားပုံကောင်းမွန်ပေမဲ့ ခံစစ်အားနည်းချက်ကြောင့် အရေးနိမ့် ထားရတယ်။ နှစ်ပွဲပေါင်း (၆)ဂိုးပေးထားရတဲ့ ဆလာနီတာနာ ခံစစ်ကို တိုရီနို ဂိုးသွင်းနိုင်ပါလိမ့်မယ်။ တိုရီနို အနိုင်ပါပဲ။

အေစီမီလန် - လာဇီယို (တနင်္ဂနွေည ၁၀း၃၀ နာရီ)

ရောမဒါဘီမတိုင်မီ အမြင့်ပျံ လာဇီယို ရင်ဆိုင်ရတဲ့ပွဲကျပ်တစ်ပွဲပဲ။ အေစီမီလန်က သူတို့လိုပဲ ရာသီသစ်မှာ အဖွင့်လှနေလို့ လာဇီယိုအတွက် မလွယ်ကူဘူးဆိုတာ သေချာနေ တယ်။ ရှေ့ (၂)ပွဲမှာ လာဇီယိုရင်ဆိုင်ရတဲ့ပြိုင်ဘက်တွေထက်လည်း စုဖွဲ့မှုပိုကောင်းနေပါ တယ်။ ဒါပေမဲ့ ကျန်းမာရေးအခြေအနေကြောင့် ဂျရူး မပါနိုင်ရင် အေစီမီလန်တိုက်စစ်အား နည်းသွားနိုင်လို့ ဆာရီလက်ထဲ ထက်မြက်နေတဲ့ လာဇီယို အမှတ်ရမှာပါ။   

ရိုးမား - ဆာဆူအိုလို (တနင်္လာနံနက် ၁း၁၅ နာရီ)

ဆာဆူအိုလိုရဲ့ ရလဒ်တွေမတည်ငြိမ်ပါဘူး။ ဒါပေမဲ့ ဆာ ဆူအိုလိုရဲ့ ကစားသမားစာရင်းက ရိုးမားကို အခက်တွေ့အောင် လုပ်နိုင်တဲ့အနေအထားမျိုးပဲ။ ခံစစ်ကစားပုံအားနည်းချက်တွေ ရှိပေမဲ့ ဘိုဂါ၊ ဂျူရီဆစ်၊ ရက်စ်ပါဒိုရီတို့နဲ့ တိုက်စစ်က ရိုးမားကို ခြိမ်းခြောက်လိမ့်မယ်။ မော်ရင်ဟိုလက်ထက် ရိုးမားက တိုက်စစ် ထက်မြက်ပြီး ဟန်ချက်ညီနေပေမဲ့ ဒီပွဲမှာ (၂)ဂိုးပြတ် နိုင်ဖို့ခက် ပါတယ်။

 

Most Read

Most Recent