တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာ ဒေသခံများ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာသို့ ဆက်လက် ထွက်ပြေးနေရဆဲဖြစ်

တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာ ဒေသခံများ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာသို့ ဆက်လက် ထွက်ပြေးနေရဆဲဖြစ်
ကပေါင်းကျကျေးရွာ ဒေသခံများ ဘေးလွတ်ရာသို့  ထွက်ပြေးနေသည်ကို တွေ့ရစဉ်
ကပေါင်းကျကျေးရွာ ဒေသခံများ ဘေးလွတ်ရာသို့  ထွက်ပြေးနေသည်ကို တွေ့ရစဉ်
Published 30 August 2021

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာ ဒေသခံများ လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာသို့ ဆက်လက် ထွက်ပြေးနေရဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရခြင်းမှာ ကျေးရွာအတွင်း တပ်စွဲနေရာယူထားမှုများ ရှိသောကြောင့် ယင်းကဲ့သို့ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးနေကြရခြင်း ဖြစ်ကြောင်း ဆက်လက် သိရသည်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ဒီနေ့အထိ နေအိမ်ကို မပြန်ရဲကြသေးဘူး။ အခုထိ တောတွေထဲမှာ တိမ်းရှောင်နေရတုန်းပဲ။ ရွာမှာ လူတောင် မရှိကြတော့ဘူး။ ရွာထဲမှာ စစ်ကြောင်းက နေရာယူထားတော့ ကျွန်မတို့လည်း ကြောက်လန့်ပြီး ထွက်ပြေးတာ။ သက်ကြီးရွယ်အိုတွေကအစ ဘေးလွတ်ရာကို ထွက်ပြေးနေရတာပေါ့”ဟု တန့်ဆည်မြို့နယ်က ပေါင်းကျကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

ယင်းသို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရသည့်ဒေသခံများအတွက် အဝတ်အထည်များ၊ ကျန်းမာရေးအတွက် ဆေးဝါးများနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ လနှင့်ချီကာ နေရပ်ကို မပြန်ရဲသေးသည့် ဒေသခံအများအပြား ရှိနေသေးကြောင်း သိရသည်။

Most Read

Most Recent