အီဘရာဟမ်အယ်လ်ဟူစိန် ဖြတ်သန်းခဲ့ရာလမ်းဟာ မှောင်လို့၊ ဖုန်ထူတဲ့လမ်းလေးပေါ် မှာ အသက်ရှူရခက်ချိန်တွေ၊ သူ့ဘေးမှာ လေပြင်းတိုက်ခိုက်လို့ ဖုန်တွေ လွင့်လွင့်နေတာ မဟုတ်၊ သူ့ဘေးမှာ ပေါက်ကွဲပြီးနောက် ဖြစ်ပေါ်လာတဲ့ မီးတောက်အသေးစားတွေ၊ အဲဒီမီး တောက်အသေးစားတွေရဲ့ရနံ့ဟာ ငရဲဆီက လွင့်လာတာများလား၊ အဲဒီလိုမျိုး သူ တွေးမိပေါ့။ အယ်လ်ဟူစိန်တွေးမိပေါ့။ သူ အသက်ရှူရတာမဝဘူး။ သိပ်မကြာခင်မှာပဲ ပြင်းထန်တဲ့ ပေါက်ကွဲသံတစ်ခု သူ ကြားလိုက်ရ၊ ပေါက်ကွဲသံဟာ ဘယ်လောက်ဝေးဝေးမှာများလဲ၊ ဒါမှမဟုတ် သူနဲ့နီးကပ်လွန်းနေတာလား၊ သူ ဝေခွဲမရ ဘူး။ ငိုသံတွေ၊ အော်ဟစ်သံတွေ ကြားနေရ၊ သူ ကိုယ်တိုင်လည်း မျက်ရည်တွေကျနေလား သေချာမသိဘူး။ သူ ခံစားနေရတာ မျက်ရည်တွေ မဟုတ်၊ သူခံစားနေရတာ ခန္ဓာကိုယ်အောက်ပိုင်းက လစ်ဟာမှုတစ်ခု၊ သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာ တစ်ခုခုလစ်ဟာနေပြီဆိုတဲ့ ခံစားအသိ၊ မီးခိုးငွေ့တွေ တဖြည်းဖြည်းလွင့်ပြယ်သွားတဲ့ အခါ မြင်ကွင်းဟာ ပီပြင်လာ၊ သူ့ခန္ဓာကိုယ် အောက်ပိုင်းကို ငုံ့ကြည့်လိုက်တဲ့အခါ မြင်ကွင်းဟာ ပီပြင်လာ၊ သူ့ခြေထောက်တစ်ဖက်မရှိတော့ဘူးဆိုတဲ့ ခံစားချက်ဟာ ပီပြင်လာ။ "အဲဒီ အချိန်တုန်းက ကျွန်တော် အသက်ရှင်ခွင့်ရမလား၊ သေဆုံးသွားမလား မတွေးတတ်ခဲ့ပါ " လို့ အယ်လ်ဟူစိန် ပြန်ပြောပြတယ်။ သူ့ရဲ့ဘဝထဲ စစ်ဆိုတာ ဝေးဝေးမသွားတဲ့အရာ၊ စစ်ဆိုတာ ရှင်ကွဲ၊ သေကွဲ ကွဲစေတဲ့အရာ၊ စစ်ဆိုတာ ငြိမ်းချမ်းရေးပန်းလေးကို ကြေမွစေတဲ့အရာ၊ စစ်ဆိုတာ စိတ်ကူးယဉ်အိပ်မက်ပေါ်က ခုန်ချသွားတဲ့ ခန္ဓာကိုယ်တွေပါပဲ။
ဒုက္ခကို ကူးခတ်ကျော်ဖြတ်ခြင်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
9 hours ago
9 hours ago
9 hours ago
9 hours ago
9 hours ago
9 hours ago