လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲကျော်တွင် ပြည်ပမှလူသုံးကုန်ပစ္စည်းတင်သွင်းမှု ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၃၀ ကျော်လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲကျော်တွင် ပြည်ပမှလူသုံးကုန်ပစ္စည်းတင်သွင်းမှု ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၃၀ ကျော်လျော့ကျ
Published 28 August 2021

လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲကျော်တွင် ပြည်ပမှ လူသုံးကုန်ပစ္စည်းတင်ပို့မှု ဒေါ်လာသုံးဘီလျံနီးပါးရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှုဒေါ်လာသန်း ၁၃၀ ခန့် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ  သြဂုတ် ၂၀ ရက်အထိ ၁၀ လခွဲကျော်တွင် ပြည်ပမှ လူသုံးကုန်ပစ္စည်း တင်သွင်းမှု  ဒေါ်လာ ၂ ဒသမ ၉၂၂ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၃  ဒသမ ၀၅၁ ဘီလျံအထိတင်သွင်းထားသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲကျော်တွင် ပြည်ပမှ လူသုံးကုန်ပစ္စည်းတင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၂၈ ဒသမ ၉၄၂ လျော့ကျခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲကျော်တွင် ပြည်ပသို့မှ သွင်းကုန်တင်သွင်းမှုမှာ ဒေါ်လာ ၁၃ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှု ဒေါ်လာလေးဘီလျံကျော် လျော့ကျခဲ့သည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၅ ဒသမ ၇ ဘီလျံကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှု ၂၆ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  သိရသည်။

Most Read

Most Recent