မတ်ဒီဆန်အတွက် မည်သည့်ကမ်းလှမ်းမှုမျှ မရှိဟု ဘရန်ဒန်ရော်ဂျာ ဆို

မတ်ဒီဆန်အတွက် မည်သည့်ကမ်းလှမ်းမှုမျှ မရှိဟု ဘရန်ဒန်ရော်ဂျာ ဆို
Photo: Getty Images
Photo: Getty Images
Published 25 August 2021

 

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ကွင်းလယ်ကစားသမား မတ်ဒီဆန်အတွက် မည်သည့်ကမ်းလှမ်းမှုမျှ မရှိဘဲ ၎င်းအနေဖြင့် အသင်းတွင် ဆက်ရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

မတ်ဒီဆန်ကို အာဆင်နယ်အ သင်းက ခေါ်ယူရန်ကြိုးပမ်းနေကြောင်း သတင်းထွက်ခဲ့သော်လည်း ဘရန်ဒန်ရော်ဂျာက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ဘရန်ဒန်ရော်ဂျာက "ဒါတွေအားလုံး သတင်းစာတွေရဲ့ ဖော်ပြမှုတွေပါပဲ။ ဘယ်လိုဆက်သွယ်စုံစမ်းမှု၊ ကမ်းလှမ်းမှုမှ မရှိပါဘူး။ သူက ကျွန်တော်တို့အသင်းရဲ့ အနာဂတ်အစိတ်အပိုင်းတစ်ခုပါပဲ။ သူ အသင်းမှာ ဆက်ရှိမယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent