ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် အာဂျင်တီးနားလူစာရင်းတွင် လာလီဂါနှင့် စီးရီးအေမှ ကစားသမား ၁၇ ဦးပါဝင်

ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် အာဂျင်တီးနားလူစာရင်းတွင် လာလီဂါနှင့် စီးရီးအေမှ ကစားသမား ၁၇ ဦးပါဝင်
Photo: Getty Images
Photo: Getty Images
Published 25 August 2021

 

လာမည့်စက်တင်ဘာလအတွင်း ဗင်နီဇွဲလား၊ ဘရာဇီးလ်၊ ဘိုလစ်ဗီးယားအသင်းများနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများကစားမည့် အာဂျင်တီးနားအသင်းလူစာရင်းတွင် လာလီဂါနှင့် စီးရီးအေမှ ကစားသမား ၁၇ ဦးအထိ ပါဝင်နေကြောင်း သိရသည်။

အာဂျင်တီးနားအသင်း၏ ၃၀ ဦး လူစာရင်းကို သြဂုတ်လ ၂၃ ရက်က ထုတ်ပြန်ခဲ့ပြီး လာလီဂါမှ ကိုးဦး၊ စီးရီးအေမှ ရှစ်ဦး၊ ပရီးမီး ယားလိဂ်မှ လေးဦးနှင့် ပြင်သစ်လိဂ်အပါအ ဝင် အခြားလိဂ်များမှ ကိုးဦးအထိ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

ယခုလူစာရင်းတွင် လက်ရွေးစင်အသင်းနှင့် နှစ်နှစ်ကျော်ကြာကင်းကွာနေသည့် ဒီဘားလားကို ပြန်လည်ရွေးချယ်ခဲ့ပြီး ၎င်းသည် ၂၀၁၉ နိုဝင်ဘာလက နိုင်ငံအသင်းအတွက် နောက်ဆုံးရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

အာဂျင်တီးနားလူစာရင်း

ဂိုး - အာမာနီ(ရေးဗားပလိတ်)၊ မူဆို(အတ္တလန်တာ)၊ မာတီနက်ဇ်(ဗီလာ)၊ ရူလီ(ဗီလာရီးယဲလ်)

နောက်တန်း - အော်တာမန်ဒီ(ဘင်ဖီကာ)၊ လူးကပ်စ်မာတီနက်ဇ်(ဖီအိုရင်တီးနား)၊ ပက်ဇယ်လာ(ဘက်တစ်)၊ ဖွိုင်သ် (ဗီလာရီးယဲလ်)၊ မာတီယဲလ်၊ အကူညာ(ဆီဗီလာ)၊ တာလီယာဖီကို၊ လီဆန်ဒရိုမာတီနက်ဇ်(အေဂျက်စ်)၊ မိုလီနာ(အူ ဒီးနီးစ်)၊ ရိုမဲရိုး(စပါး)

အလယ်တန်း -  ပါရေဒက်စ်(PSG)၊  ဆယ်လ်ဆို(စပါး)၊ ဒီပေါလ်(အက်သလက်တီကို)၊ ဒိုမင်ဂွက်ဇ်(ဘိုလော့ဂ်နာ)၊ ဂီဒိုရိုဒရီဂွက်ဇ်(ဘက်တစ်)၊ ပလာစီယို့စ်(လေဗာကူဆင်)

ရှေ့တန်း - မက်ဆီ၊ ဒီမာရီယာ(PSG)၊ လော်တာရိုမာတီနက်ဇ်(အင်တာမီလန်)၊ ကော်ရီယာ(အက်သလက်တီကို)၊ Nဂွန်ဇာလက်ဇ်(ဖီအိုရင်တီးနား)၊ ပါပူဂိုးမက်ဇ်(ဆီဗီလာ)၊ Jအယ်လ်ဗာရက်ဇ်(ရေးဗားပလိတ်)၊ J ကော်ရီယာ (လာဇီယို)၊ ဘန်ဒီယာ(ဗီလာ)၊ ဒီဘားလား(ဂျူဗင်တပ်စ်) 

Most Read

Most Recent