■ အင်တာမီလန်တွင် ဆက်နေရန် လော်တာရိုကိုယ်တိုင် တောင်းဆိုထားဟု အမှုဆောင်ချုပ် မာရော့တာ ပြောကြား

■ အင်တာမီလန်တွင် ဆက်နေရန် လော်တာရိုကိုယ်တိုင် တောင်းဆိုထားဟု အမှုဆောင်ချုပ် မာရော့တာ ပြောကြား
Published 24 August 2021

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အနေဖြင့် မက်မောလောက်ဖွယ် ကမ်းလှမ်းမှုများရရှိသော်လည်း အင်တာမီလန်အသင်း၌ ဆက်နေရန် ကိုယ်တိုင်တောင်းဆိုထားကြောင်း အမှုဆောင်ချုပ် မာရော့တာက ပြောကြားသည်။

အင်တာမီလန်အသင်းသည် လူကာကူ နှင့် ဟာကီမီတို့ကို ရောင်းချထားပြီးဖြစ်သလို လော်တာရိုကို ထပ်မံရောင်းချဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မာရော့တာက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

''လော်တာရိုက မက်မောစရာ ကမ်းလှမ်းမှုတွေရရှိပေမဲ့ အင်တာမှာဆက်နေဖို့ ပြတ်ပြတ်သားသား တောင်းဆိုထားတဲ့သူပါ။ သူ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ သူက ချန်ပီယံတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ်သက်သေ ပြချင်နေသူပါ''ဟု ၎င်းက ပြောကြားသည်။    

လော်တာရိုသည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ ၁၉ ဂိုးသွင်းယူထားပြီး ၁၁ ဂိုးဖန်တီးပေးခဲ့ကြောင်း သိရသည်။

လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူရန် ပရီးမီးယားလိဂ်အသင်းများထဲမှ စပါးအသင်းက ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ဖြင့်ကမ်းလှမ်းခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

အေးဂျင့်ဖြစ်သူကလည်း သူ၏ကစားသမားသည် အင်တာမီလန်၌ ပျော်ရွှေနေသည်ဟု မကြာသေးမီက အတိအလင်းပြောကြားထားသည်။

 

Most Read

Most Recent