COVID-19 ကပ်ရောဂါ၊ မြစ်ရေကြီးမှုဒဏ်တွေနဲ့ တနင်္သာရီတိုင်းဒေသကြီးမှ လက်လုပ်လက်စားတွေရဲ့ဘဝ

COVID-19 ကပ်ရောဂါ၊ မြစ်ရေကြီးမှုဒဏ်တွေနဲ့ တနင်္သာရီတိုင်းဒေသကြီးမှ လက်လုပ်လက်စားတွေရဲ့ဘဝ
ပရဟိတအဖွဲ့များက ရိက္ခာခြောက်များ လိုက်လံဝေငှနေစဉ်
ပရဟိတအဖွဲ့များက ရိက္ခာခြောက်များ လိုက်လံဝေငှနေစဉ်
Published 22 August 2021
ဇော်မိုးဦး (မြိတ်)

တနင်္သာရီတိုင်းဒေသကြီးကို သြဂုတ် ၂၁ ရက်က စတင်ပြီး Stay at Home ကြေညာလိုက်ပြီဖြစ်ပါတယ်။ ယခင်က ရောဂါကူးစက်မှုနည်းပါးတဲ့ တိုင်းဒေသကြီးထဲမှာ ပါဝင်တဲ့ တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ ယခုလအတွင်း ရောဂါကူးစက်မှုများပြားလာတဲ့အပြင် သေဆုံးနှုန်းတွေလည်း မြင့်တက်လာတာ တွေ့ရတယ်။ ပရဟိတအသင်းတချို့ကူညီမှုကို ယာယီရပ်နားခဲ့ရတဲ့အပြင်တချို့ ပရဟိတ သမားတွေလည်း ပင်ပန်း နွမ်းနယ်နေကြ ပြီဖြစ်တယ်။

ရေမြေရာသီဥတုအနေထားအရ ကိုဗစ် တတိယလှိုင်းကို အထိအခိုက်အနည်းဆုံးနှင့် ကာကွယ်နိုင်လိမ့်မယ်လို့ ယူဆထားတဲ့ တိုင်းဒေသကြီးတစ်ခုအနေဖြင့် ရောဂါကြောင့် သေဆုံးမှုအရေအတွက်ကို မထိန်းနိုင်သည့်အနေအထားဖြစ်နေပါတယ်။ ကပ်ရောဂါကြောင့် ရောဂါကူးစက်ခံရသူ ၉၀၀၀ နီးပါးသို့ ချဉ်းကပ်လာနေသလို သေဆုံးသူမှာလည်း ၄၀၀ နီးပါး ရောက်ရှိလာနေပြီဖြစ်ပါတယ်။ ဒါက တရားဝင် စာရင်းဇယားများကို ဖော်ပြ ပေးခြင်းဖြစ်ပြီး နေအိမ်များတွင် သေဆုံးသူ များစွာလည်း ရှိနေပါတယ်။ ယခင်က မဖြစ် မနေခရီးသွားရမည့်သူများ၊ ဆေးရုံတက်  ရောက်ကုသမည့်သူများကို Test kid နဲ့ စစ်ပြီး ရောဂါကူးစက်သူဖြစ်ပါက Positive လူနာထားတဲ့ အဆောင်များသို့ ပို့ဆောင် ကုသပေးပြီးနေအိမ်ကို Lockdown ၂၁ ရက် ချထားပါတယ်။ ယခုနောက်ပိုင်း နေအိမ်တွင် ကျိတ်ကုသနေသူများ ပိုမိုများပြားလာသလို နေအိမ်တွင် မည်သည့်အကြောင်းကြောင့် ဖြစ်စေ သေဆုံးသူများကို Test kid ဖြင့် လိုက်လံစစ်ဆေးလာသည့်အတွက် ကပ်ရော ဂါကြောင့် သေဆုံးသည့်အရေအတွက်ပိုမို များပြားလာနေသည်ကို တွေ့ရပါတယ်။

မြိတ်ခရိုင်နဲ့ ထားဝယ်ခရိုင်တွင် အများ ဆုံးဖြစ်ပွားနေကာ သေဆုံးသူမှာလည်း တစ်နေ့လျှင် ၂၀ ဦးအထက် ရောက်ရှိလာပါ တယ်။

“လူတွေက ကျန်းမာရေး စောင့်ရှောက် မှု အားနည်းတယ်လို့အကြောင်းပြပြီး နေအိမ် မှာပဲ ကြိတ်မှိတ်ပြီး ကုနေကြတယ်။ အောက် ဆီဂျင် အခက်အခဲဖြစ်လာမှ ဆေးရုံကြီးကို ရောက်လာကြတယ်။ ရပ်ကွက်တွေထဲမှာ လည်း အောက်ဆီဂျင် အခက်အခဲဖြစ်လာနေ တယ်။ အောက်ဆီဂျင်အိုးရှိပေမဲ့ လေဖြည့် မယ့်နေရာတွေမရှိဘူး။ ၁၀  လီတာအိုးလေး တွေကိုဖြည့်ရတာ အခက်အခဲသိပ်မရှိပေမဲ့ အိုးကြီးတွေကို နယ်စပ်မှာ သွားရောက်ဖြည့် တင်းနေရတယ်။ လေးရက်လောက်စောင့်ရ တာရှိသလို ဒီထက်လည်းကြာနိုင်တယ်။ ငွေ ကြေးတတ်နိုင်တဲ့သူတွေ ကတော့ ပုဂ္ဂလိက ဆေးရုံတွေမှာ ကုသကြတယ်။ ငွေကျပ် သိန်း ဆယ်ဂဏန်း အထိပေးရတယ်။ မတတ်နိုင် တဲ့သူတွေကတော့ ဆေးရုံကြီးကိုလာကြသလို အိမ်မှာ ကြိတ်မှိတ်ပြီးနေတဲ့သူတွေ များလာ တယ်”လို့ ပရဟိတလုပ်ကိုင်နေသူတစ်ဦးကပြောကြားပါတယ်။

နိုင်ငံရေးအခြေအနေကြောင့် ပြည်သူ တွေ စားဝတ်နေရေး မပြေလည်ကြတော့ အလုပ်ပြုတ်သွားတဲ့သူတွေ ရှိသလို ခရီးသွား လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ကုမ္ပဏီ၊ စက်ရုံ တချို့ နားလိုက်ရတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်သွားရတဲ့သူတွေရှိပါတယ်။ ကျွန်းတွေ ပေါ်မှာရှိတဲ့ ခရီးသည်တင်လှေတွေ၊ ကုန် လှေတွေ မြို့ကိုတက်လာမှု အလွန်နည်းပါး သွားတဲ့အတွက် ဆိပ်ကမ်းကိုမှီခိုပြီး လုပ်ကိုင် နေရတဲ့သူတွေ ဝင်ငွေမရှိဖြစ်လာပါတယ်။

“အရင်က ရုံးတွေပဲပိတ်တယ်။ အခု ဘဏ်တွေလည်း ပိတ်လာတယ်။ စျေးတွေ လည်းပိတ်လာတယ်။ နေအိမ်တချို့မှာရောင်း ချနေတဲ့ အိမ်ဆိုင်လေးတွေလည်း ရောဂါကို ကြောက်ပြီး စျေးမရောင်းရဲကြတော့ဘူး။ လက်ဖက်ရည်ဆိုင်တွေ ပိတ်လိုက်ရတယ်။ နောက်ဆုံး ကွမ်းယာဆိုင်တွေကိုပါ ရောင်းချ ရင် ဒဏ်ငွေချမယ်၊ တရားစွဲခံရမယ်လို့ ထုတ် ပြန်လာတော့ အခြေခံလူတန်းစားတွေအ တွက် လုပ်ကိုင်စရာ အလုပ်မရှိသလောက်ဖြစ်  သွားပြီ။ ဘယ်လိုရပ်တည်ကြရတော့မလဲ။ အခုမြို့ထဲမှာ  Stay at Home ကြေညာတော့ ကုန်စုံဆိုင်တွေမှာ ပစ္စည်းတွေ ကုန်သ လောက်ဖြစ်သွားတယ်။ တစ်နေ့လုပ်မှ တစ်  နေ့စားရတဲ့ ပြည်သူတွေခမျာ ဝယ်ဖို့ငွေလည်း မရှိ၊ အလုပ်ထွက်လုပ်ရဖို့ အလုပ်ကလည်း မရှိ။ ရှိပြန်တော့လည်း တစ်အိမ်မှာတစ် ယောက်ပဲဆိုတော့ ဘယ်လိုရပ်တည်ရတော့ မလဲ”လို့ မြိတ်မြို့မှဒေသခံတစ်ဦးက ပြော ကြားခဲ့ပါတယ်။

Stay at Home ကြေညာပြီးနောက် နေ အိမ်များတွင် အပြင်ထွက်ခွင့် တစ်ဦးသာရ မည်ဟု ပြောကြားနေပြီး လူအမည် ဖြင့်ကတ် ပြားလုပ်ပေးနေတဲ့အတွက် ကျန်သည့်သူများ နေအိမ်မှထွက်ခွာခွင့်၊ အလုပ်လုပ်ခွင့်မရ တော့မည်ကို ဝေဖန်မှုများဖြစ်ပေါ်နေပါ တယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဇူ လိုင်လကုန်မှ သြဂုတ်လအတွင်း အခြေအနေ  များ ပိုမိုဆိုးရွားလာနေသလို မြစ်ရေကြီးမှု ဒဏ်ကိုလည်း တနင်္သာရီ နယ်သားများ ထပ်မံ ခံစားလိုက်ရတယ်။ လယ်ယာတချို့ပျက်စီး ပြီး သီးနှံစပါးများ ရှားပါးမယ့် အနေထားဖြစ် လာတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် COVID-19 ကပ်ရောဂါ အခြေအနေ များကိုကြေညာရာမှာ တနင်္သာရီတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ကယားပြည် နယ်များတွင် ရောဂါအခြေအနေ တက်ရိပ်ပြ လာနေတယ်လို့ ကြေညာပါတယ်။ တစ်နိုင် ငံလုံးမှာ ကျရိပ်ပြနေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိလာပေမဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် သုံးခုကတော့ တက်ရိပ်ပြလာနေ တယ်လို့ ပြောကြားထားတာတွေ့ရပါတယ်။ ရောဂါအဖြစ်များဆုံးလို့ သတ်မှတ်ခံထားရ တဲ့ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀ ရာခိုင်နှုန်း ကျော်အထိ ကျလာတယ်။ တနင်္သာရီတိိုင်း ဒေသကြီးမှာတော့ သေဆုံးနှုန်းတိုးလာနေပြီး ထားဝယ်၊ မြိတ်နဲ့ လောင်းလုံးမြို့နယ်များမှာ အဆိုးဆုံးဖြစ်နေတာ တွေ့ရတယ်။ ဒီလို အခြေအနေများကြောင့် တနင်္သာရီတိုင်းဒေ သကြီးကို Stay at Home အဖြစ်ကြေညာပြီး ရောဂါထိန်းချုပ်ဖို့ ကြိုးစားလာတာ တွေ့ရ ပါတယ်။ အခြေခံလူတန်းစားများအဖို့က တော့ ကူကယ်ရာမဲ့ အခြေအနေကို တစ်စ တစ်စ ရောက်ရှိလာတော့မှာပါ။ ဒေသခံ လက်လုပ်လက်စားများအတွက် ဘာကျန် သေးလဲလို့ မေးကြည့်ရင် ငတ်သေဖို့ပဲ ကျန် တော့တယ်လို့ ဖြေကြပါလိမ့်မယ်။