ဘာစီလိုနာမှာ ဂွါဒီယိုလာရှိစဉ်တုန်းက ရီကီပွတ်က အရမ်းငယ်သေးတယ်။ နူးကမ့်ကနေ ဂွါဒီယိုလာ နှုတ်ဆက်သွားချိန် မှာ ပွတ်ရဲ့အသက်က အလွန်ဆုံးရှိ (၁၃/၁၄)နှစ်လောက်ပဲ ရှိဦး မယ်။ ဒါပေမဲ့ ဒီကစားသမားလေးအပေါ် ဂွါဒီယိုလာက သံယော ဇဉ်ရှိတယ်။ ပြီးခဲ့တဲ့ရာသီကုန်ဆုံးချိန်မှာ ပွတ်ရဲ့အနာဂတ် မရေရာမှုတွေ ကြားလာရချိန် ဂွါဒီယိုလာက သူ့ကို အသင်းမှာပဲ ဆက်ကစားဖို့၊ အခွင့်အရေးစောင့်ဆိုင်းဖို့ အကြံပေးခဲ့တယ်။ " အင်နီယေစတာဆိုရင် (၂၄)နှစ်အထိ ပွဲထွက်ခွင့်မရခဲ့ဘူး။ လူတွေက ဘာစီလိုနာမှာ ကစားရတာ၊ နည်းပြလုပ်ရတာ လွယ်ကူတယ်လို့ ထင်နေကြတယ်။ အရာရာတိုင်းမှာ သူ့အခက်အခဲနဲ့သူပါ။ ပွတ် က သန်မာတဲ့ကောင်လေးဖြစ်ပြီး အရည်အချင်းလည်း ရှိတယ်။ ဇွဲကောင်းဖို့ပဲလိုတာပါ။ ဘောလုံးမှာ စိတ်ရှည်ပြီး ကြိုးစားတဲ့သူအတွက် အမြဲတမ်းအခွင့်အရေးရှိပါတယ်"လို့ ကတ်တလန်ရေဒီယိုနဲ့ တွေ့ဆုံရာမှာ ဂွါဒီယိုလာက မှတ်ချက်ပေးခဲ့တာပါ။
ရီကီပွတ်အတွက် အချိန်နဲ့ နေရာ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago