အသက် (၇)နှစ်အရွယ်မှာပဲ ကျွမ်းဘားမယ်တစ်ဦးဖြစ်စေမယ့် လေ့ကျင့်သင်ယူမှုတွေနဲ့ ဆန်နီဆာလီ နေသားကျနေခဲ့တာ၊ သူမရဲ့လက်ဦးဆရာဟာ ဖခင်ဖြစ်သူ ဂျွန်ပါပဲ။ ဂျွန်က သူမနဲ့အတူ တခြားကလေး (၅)ဦးကို အခြေခံကျွမ်းဘားအား ကစားနည်းအကြောင်း မျှဝေပေးခဲ့တာပါ။ မွေ့ရာနဲ့ အထပ်သားတွေ အသုံးပြုပြီး ကျွမ်းဘားလေ့ကျင့်လို့ရအောင် ဂျွန်က ဖန်တီးပေးခဲ့တယ်။ ဆန်နီဆာလီရဲ့ ပါရမီကို ဂျွန်ပြီးရင် နောက်ထပ်တွေ့ရှိခဲ့သူ ဟာ ဒေသခံ Midwest ကျွမ်းဘားကလပ်က နည်းပြ ဂျက်စ်ဂရာဘာပါပဲ။ သူက "လီဟာ သိပ်ပြီး ထူးခြားတဲ့ ပါရမီရှင်အကြမ်းထည်လေးဆိုတာ ကျွန်တော် မြင်တွေ့ခဲ့ရတယ်။ သူ့ရဲ့ တစ်ပတ်ကျွမ်းထိုး ဟန်ဟာ သိပ်ပြီးထူးခြားတယ်။ ကျွမ်းဘားတန်းပေါ်မှာ အရွယ်နဲ့မလိုက်အောင် အထိတ်အလန့်မရှိ လုပ်နိုင်စွမ်းကို ကျွန်တော် အမှတ်ရနေတုန်းပဲ" လို့ ပြန်ပြောပြတယ်။ ၂၀၁၆ ခုနှစ်မှာ ဆန်နီဆာလီတစ်ယောက် အသက် (၁၄)နှစ်ပြည့်ခဲ့ပါပြီ။ အဲဒီအချိန် မှာ သူမဟာ နည်းပြ ဂျက်စ်ဂရာဘာနဲ့အတူ ကမ္ဘာလှည့်ပြီး ပြိုင်ပွဲတွေဝင်နေခဲ့ပါပြီ။ ၂၀၁၈ ခုနှစ်မှာ အောင်မြင်မှုရနံ့ကို သူမ ပထမဆုံးနမ်းရှိုက်ခွင့်ရခဲ့ပြီ။ National Championship ရဲ့ Unevenbars အမျိုးအစားမှာ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့တာပါပဲ။
ဆန်နီဆာလီရဲ့ မုန်တိုင်းအလွန် အောင်ပွဲလေပြေ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago