ခွန်ဒဲဆိုတာ ဘယ်လိုကစားသမားမျိုးလဲ။ ဒီကောင်လေးက ဆီဗီလာနဲ့အတူ တောက်ပလာ တဲ့ကစားသမားလေးဆိုရင် မမှားဘူး။ ကစားသမားကောင်းတွေကို ရှာတတ်ဖွေတတ်တဲ့ ဆီဗီလာ ရဲ့ အပြောင်းအရွှေ့ဂုရုကြီး မွန်ချီက သူ့ကို ပြင်သစ် ကလပ် ဘော်ဒိုးကနေ ဆီဗီလာအသင်းဆီခေါ်လာခဲ့တာဖြစ်တယ်။ သူ့ကိုခေါ်နိုင်ဖို့ ဆီဗီလာ အသင်းက ယူရို (၂၅)သန်းလောက်သုံးခဲ့ရတာကို ကြည့်ရင် ခွန်ဒဲဟာ အဲဒီကတည်းကတောက်မယ့် မီးခဲလေးဆိုတာ သဘောပေါက်နိုင်တယ်။ ဒီမီးခဲ လေးကို ဆီဗီလာရဲ့နည်းပြသစ်ဖြစ်လာတဲ့ လိုပယ်တယ်ဟီကလည်း ကောင်းကောင်းပုံသွင်းနိုင်ခဲ့တယ်။ ခွန်ဒဲတစ်ယောက် ဆီဗီလာခံစစ်မှာ လျင်လျင်မြန်မြန်ပဲ ပုံမှန်နေရာရသွားတယ်။ တဖြည်း ဖြည်းနဲ့ ဆီဗီလာခံစစ်မှာ ခွန်ဒဲဟာ ငယ်ငယ် ရွယ်ရွယ်နဲ့ မရှိမဖြစ်ကစားသမားတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့တယ်။ သူရောက်ရောက်ချင်း ပထမဆုံးရာသီမှာပဲ ဆီဗီလာက (၁၅)နှစ်အတွင်း (၆)ကြိမ်မြောက် ယူရိုပါလိဂ်ဖလားကို ထပ်ယူနိုင် ခဲ့ပြီး ယူရိုပါလိဂ်သမိုင်းရဲ့အအောင်မြင်ဆုံးအသင်း အဖြစ်ပါ စံချိန်တင်နိုင်ခဲ့တဲ့အခါ နည်းပြ လိုပယ်တယ်ဟီရော ခွန်ဒဲပါ ဆီဗီလာအတွက် လာခြင်း ကောင်းသူတွေ ဖြစ်ကုန်ကြတယ်။ အဲဒီရာသီမှာ ကတည်းက ခွန်ဒဲတစ်ယောက် အပြောင်းအရွှေ့ စျေးကွက်အတွင်း မျက်နှာပန်းလှနေတဲ့ နောက်တက်မျိုးဆက်သစ်လေးတစ်ဦးအဖြစ် ပြောင်းလဲ သွားခဲ့တယ်။ သူ့ကို အသင်းကြီးတော်တော်များ များက မျက်စိကျလာကြတယ်။ ဒီအသင်းတွေထဲမှာ မန်စီးတီးလည်းပါခဲ့တယ်။
ချယ်လ်ဆီးနဲ့ ဆီဗီလာတို့ရဲ့ ခွန်ဒဲလုပွဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago