တောင်ကိုရီးယား မိန်းကလေးအဆိုတော်အဖွဲ့ Girls’ Generation မှ အဖွဲ့ဝင် (DJ HYO) သည် မကြာမီ တစ်ကိုယ်တော်သီချင်းသစ် ထွက်ရှိလာတော့မည်ဖြစ်သည်။ ထိုသတင်းကို SM Entertainment ၏ သတင်းရင်းမြစ်တစ်ဦးက ဇူလိုင် ၁၉ ရက်တွင် ထုတ်ဖော်ပြောလိုက်သည်။
သြဂုတ်တွင် ထွက်ရှိလာမည့် ၎င်းသီချင်းသစ်သည် “Think About Me” သီချင်း ထွက်ပြီးနောက် ကိုးလနီးပါးအတွင်း Hyoyeon ၏ ပထမဆုံးသီချင်းသစ်ဖြစ်လာမည် ဖြစ်သည်။
သူသည် Girls’ Generation အဖွဲ့၏ Main Dancer အဖြစ် စတင်ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် DJ HYO အမည်ဖြင့် DJ တစ်ကိုယ်တော်လှုပ်ရှားမှုများ စတင်လိုက်လျက် “Sober” ၊ “Punk Right Now” ၊ “Badster” နှင့် “Dessert” သီချင်းများလည်း ထွက်ရှိခဲ့သည်။
အမိုက်စားကကွက်များဖြင့် မြူးကြွသည့် “Dessert” သီချင်းသည် လူကြိုက်များခဲ့ပြီး သူမ၏သီချင်းသစ်ကို ပရိသတ်များက ရင်ခုန်စောင့်မျှော်နေကြသည်။ SNSD ဟုလည်းခေါ်သည့် Girls’ Generation မိန်းကလေး ကေပေါ့ပ်အဖွဲ့ကို SM Entertainment က ဖွဲ့စည်းထားခြင်းဖြစ်သည်။