စပါးအသင်းသည် ရိုးမားအသင်းခေါင်းဆောင် ပယ်လီဂရီနီကို ခေါ်ယူရန် စီစဉ်နေကြောင်း The Athletic က ဖော်ပြခဲ့သည်။
စပါးအသင်း၏ စီမံခန့်ခွဲမှုဒါရိုက်တာ ပါရာတီချီသည် အီတလီကွင်းလယ်လူ ပယ်လီဂရီနီကို ကာလရှည်စိတ်ဝင်စားခဲ့သူပြီး ဂျူဗင်တပ်စ်အသင်းတွင် ရှိစဉ်ကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးကြောင်း သိရသည်။
ထို့ကြောင့် ၎င်းသည် ယခုအခါ စပါးအသင်းထံသို့ ပယ်လီဂရီနီကို ခေါ်ယူရန် ဆန္ဒပြင်းပြနေကြောင်း သိရှိရသည်။
ရိုးမားအသင်းနှင့် ချုပ်ဆိုထားသည့် ပယ်လီဂရီနီ၏ လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်လျော်ကြေးမှာ ယူရိုသန်း (၃၀)ဖြစ်ကြောင်း သိရသည်။
ရိုးမားအသင်းသည် အဆိုပါစာချုပ်လျော်ကြေး ဖျက်သိမ်းရန်အတွက် ပယ်လီဂရီနီကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေပြီး စပါးအသင်းက ၎င်းကို စာချုပ်လျော်ကြေးအတိုင်း ပေးချေကာ ခေါ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။















