အက်သလက်တီကိုအသင်းသည် မန်ယူတောင်ပံကစားသမား လင်ဂတ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား လင်ဂတ်သည် မန်ယူအသင်းနှင့် ၂၀၂၂ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အနာဂတ်လှုပ်ခတ်နေသူဖြစ်သည်။
လင်ဂတ်သည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက ဝက်စ်ဟမ်းအသင်းသို့ ရာသီဝက်အငှားသွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဝက်စ်ဟမ်းအသင်းက ၎င်းကိုခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
သို့သော် မန်ယူအသင်းသည် လင်ဂတ်အား ယူရိုသန်း (၃၀)ရမှသာ လက်လွှတ်ဖွယ်ရှိနေရာ ဝက်စ်ဟမ်းအသင်းအနေဖြင့် အခက်တွေ့နေကြောင်း သိရသည်။
ယခုအခါ လင်ဂတ်ကို ခေါ်ယူရန် အက်သလက်တီကိုအသင်းကပါ စိတ်ဝင်စားလာခြင်းဖြစ်ပြီး ဝက်စ်ဟမ်းအသင်းနှင့်အပြိုင် ကြိုးစားရမည်ဖြစ်သည်။
လင်ဂတ်သည် ပြီးခဲ့သည့်ရာသီက ဝက်စ်ဟမ်းအသင်းအတွက် ပရီးမီးယားလိဂ်(၁၆)ပွဲတွင် (၉)ဂိုးသွင်းယူခဲ့သည်။















