ရှာကီရီအား ယူရို(၁၂)သန်းဖြင့် လာဇီယိုအသင်း ကမ်းလှမ်း 

ရှာကီရီအား ယူရို(၁၂)သန်းဖြင့် လာဇီယိုအသင်း ကမ်းလှမ်း 
Photo: Getty Images
Photo: Getty Images
Published 17 July 2021

လာဇီယိုအသင်းသည် လီဗာပူးလ်တိုက်စစ်ကစားသမား ရှာကီရီအား ယူရို(၁၂)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း  အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

အသက် (၂၉)နှစ်အရွယ်ရှိ ဆွစ်ဇာလန်တောင်ပံကစားသမား ရှာကီရီသည် လီဗာပူးလ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်သည်။ 

ရှာကီရီသည် လီဗာပူးလ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရခြင်းကြောင့် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သတင်းထွက်ပေါ်နေသည်။ 

ယခုအခါ လာဇီယိုအသင်းက ရှာကီရီကို ခေါ်ယူရန် ယူရို (၁၂)သန်းဖြင့် လီဗာပူးလ်အသင်းထံ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး လီဗာပူးလ်အသင်းကမူ ၎င်းအတွက် အနည်းဆုံး ယူရို (၁၅)သန်း အလိုရှိနေကြောင်း သိရသည်။ 

ရှာကီရီသည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၂)ပွဲသာ ကစားခွင့်ရခဲ့ပြီး (၁)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

Most Read

Most Recent