ကပ်ဘေးကြောင့် ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း ဝင်ငွေ ယူရိုသန်း (၃၀၀)နီးပါး ဆုံးရှုံးခဲ့သည်ဟု ရီးယဲလ်အသင်း ထုတ်ပြန်

ကပ်ဘေးကြောင့် ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း ဝင်ငွေ ယူရိုသန်း (၃၀၀)နီးပါး ဆုံးရှုံးခဲ့သည်ဟု ရီးယဲလ်အသင်း ထုတ်ပြန်
Photo: Getty Images
Photo: Getty Images
Published 16 July 2021

ရီးယဲလ်အသင်းသည် ကပ်ဘေးကာလရိုက်ခတ်မှု ကြောင့် ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း ဝင်ငွေ ယူရိုသန်း (၃၀၀)နီးပါး ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

    

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ဘောလုံးပွဲများကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ရသည့်အတွက် ရီးယဲလ်အသင်းအနေဖြင့် ဝင်ငွေများစွာ ဆုံးရှုံးနစ်နာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 

ရီးယဲလ်အသင်းသည် ၂၀၂၀ ခုနှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဇွန်လ(၃၀)ရက်နေ့အထိ စာရင်းရှင်းတမ်းအရ ယူရို (၂၇၉)သန်း ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ရီးယဲလ်အသင်းသည် ယင်းကာလအတွင်း ဘာနေဗျူးကွင်းကို အသုံးပြုနိုင်ခြင်းမရှိသည့်အတွက် ပြုပြင်မှုများပြုလုပ်ခဲ့ပြီး အရန်အသင်း၏ကွင်းဖြစ်သော ဒီစတီဖာနိုကွင်းကိုသာ အသုံးပြုခဲ့သည်။ 

ထို့ပြင် ကပ်ဘေးကာလအဆုံးသတ် ခြင်းမရှိသေးသောကြောင့် လာမည့်ရာသီ၌ ဆုံးရှုံးနစ်နာမှုများ ရှိလာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။ 

သို့သော် ရီးယဲလ်အသင်းသည် ယင်းကဲ့သို့ ပုံမှန်ရရှိမည့်ဝင်ငွေများ ဆုံးရှုံးနစ်နာခဲ့ရသော်လည်း တစ်နှစ်တာ ဘဏ္ဍာရေးရှင်းတမ်းအရမူ အမြတ်ထွက်ခဲ့ကြောင်း သိရသည်။ 

ရီးယဲလ်အသင်းအနေဖြင့် ပြီးခဲ့သည့် ဘောလုံးရာသီအတွင်း အခွန်ဆောင်ပြီး အမြတ်ငွေ ယူရို (၈၇၄၀၀၀)ရရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီထက် ယူရို (၃)သိန်းကျော် ပိုမိုမြတ်စွန်းခဲ့ကြောင်း သိရသည်။ 

    

ရီးယဲလ်အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီအတွင်း ကစားသမားသစ်ခေါ်ယူမှု လုံးဝပြုလုပ်ခဲ့ခြင်းမရှိဘဲ ကစားသမားရောင်းချမှုများသာ ပြုလုပ်ခဲ့သည့်အတွက် ယခုကဲ့သို့ အမြတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

သို့သော် ရီးယဲလ်အသင်းက ဝင်ငွေဆုံးရှုံးမှုနှင့်ပတ်သက်၍ ပရိသတ်များအား အသိပေးရာ၌ ဘဏ္ဍာရေးအခြေ အနေအပေါ် အလေးထားဆောင်ရွက်နေသော်လည်း အပြောင်းအရွှေ့စျေးကွက်၌ လိုအပ်သည့်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။ 

Most Read

Most Recent