ဘာတိုမူက ထွက်ခွာသွားပေမဲ့ ဘာစီလိုနာအသင်းဟာ ဒဏ်ရာဗရပွနဲ့ ကျန်ရစ်ခဲ့တာပါ။ အဲဒါကို ကုစားဖို့အတွက် ဘာစီလိုနာအသင်းဟာ အတိတ်တုန်းက အသင်းကို အောင်မြင်မှုတွေရယူ ပေးခဲ့သလို၊ ဘောလုံးလောကမှာ အရှိန်အဝါရှိနေဆဲဖြစ်တဲ့ အသင်းဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ လာပေါ်တာကို ပြန်လည်ခန့်အပ်ခဲ့ရတဲ့အထိပါပဲ။လာပေါ်တာလက်ထက်မှာ ဘာစီလိုနာအသင်းရဲ့ ရွှေရောင် နေ့ရက်တွေကို ပြန်လည်မျှော်လင့်နေကြပေမဲ့ တကယ်တမ်းဖြစ်လာဖို့တော့ မလွယ်သေးပါဘူး။ ဘာတိုမူလက်ထက်က စီမံခန့်ခွဲမှုအလွဲအမှားတွေကြောင့် ဘာစီလိုနာအသင်းဟာ အကြွေး (၁.၂) ဘီလီယံကျော်အထိတင်ရှိခဲ့ပြီး အဆိုးရွား ဆုံး ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရနေပါတယ်။ ကြွေးမြီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ချေးငွေထပ်ယူတာ၊ အချိန်ထပ်ဆွဲတာတွေနဲ့ ဖာထေးနိုင်သေးပေမဲ့ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း (FFP) ၊ လာလီဂါရဲ့ လစာနှုန်းထားကန့်သတ်ချက်တွေက ဘာစီလိုနာ အသင်း တာဝန်ရှိသူတွေကို ခေါင်းကိုက်စေပါတယ်။ လက်ရှိမှာ ဘာစီလိုနာအသင်း အဓိကရင်ဆိုင်နေရတဲ့ပြဿနာက စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူး မက်ဆီ ကို အသင်းမှာ ဆက်ထိန်းနိုင်ရေးနဲ့ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေကို လာလီဂါမှာ စာရင်းသွင်းနိုင်ရေးပါပဲ။
ဘာစီလိုနာအတွက် ပူပြင်းနွေရာသီ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
1 hour ago