ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းနည်းပြ ဖြစ်သူ အာတီတာသည် သူ၏အသင်းအား ကြီးမားသည့် ပြု ပြင်ပြောင်းလဲမှုပြုလုပ်ရန် စီစဉ်နေပြီး ယခုနွေရာသီအပြောင်း အရွှေ့ကာလအတွင်း အသင်းမှ စီနီယာ ကစားသမား(၈)ဦး အထိကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။
အာဆင် နယ်အသင်းအနေဖြင့် အာတီတာ၏လက်အောက်တွင် FA ဖလားအောင်မြင်မှု(၁)ကြိမ်နှင့် ကွန်မြူနတီဒိုင်းအောင်မြင် မှု(၁)ကြိမ်တို့ကို ရယူနိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင် အခြေအနေဆိုးနေခြင်းကြောင့် သူ့အပေါ် ဖိအားများရှိခဲ့သည်။
အာဆင်နယ်အသင်းသည် အာတီတာကိုင်တွယ်ခဲ့သည့် (၂)ရာသီအတွင်း ရာသီကုန်ပရီးမီးယားလိဂ်၌ အဆင့်(၈)နေ ရာများသာရရှိခဲ့ပြီး အသင်းအနေဖြင့် ဥရောပဝင်ခွင့်နှင့် ဝေး ကွာနေခြင်းအပေါ် ပရိသတ်များက အားမလိုအားမရဖြစ်နေ ကာ အသင်းနှင့် နည်းပြဖြစ်သူ အာတီတာအပေါ်ဝေဖန်မှုများ ရှိခဲ့သည်။
သို့ဖြစ်ရာ လာမည့် ၂၀၂၁-၂၂ ရာသီအတွက် အာတီတာသည် သူ၏ အာဆင်နယ်အသင်းအား ပြုပြင်ပြောင်း လဲမှုများစွာပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ အာတီတာသည် ပြီးခဲ့သည့်ရာသီက ဂျာမန်ကလပ် ဟာသာဘာလင်အသင်း သို့ အငှားချခဲ့သည့် ပြင်သစ်လူငယ်ကွင်းလယ်လူ ဂန်ဒူဇီကို ပြင်သစ်ကလပ် မာဆေးလ်အသင်းသို့ အငှားချခဲ့ပြီးနောက် သူ၏အသင်းမှ နောက်ထပ် ကစားသမား(၈)ဦးအား လမ်းခွဲ ရန်စီစဉ်လျက်ရှိကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းတွင် အာတီတာလမ်းခွဲရန် စီစဉ် နေသည့် ကစားသမားများမှာ ဆွစ်ဇာလန်ကွင်းလယ်လူ ချာ ကာ၊ အင်္ဂလန်တိုက်စစ်မှူး အန်ကယ်တီယာ၊ ဥရုဂွေးကွင်းလယ် လူ တော်ရဲရား၊ အင်္ဂလန်ကွင်းလယ်လူ မိန့်လန်းနိုင်းစ်၊ ပြင်သစ် တိုက်စစ်မှူး လာကာဇက်၊ စပိန်နောက်ခံလူ ဘယ်လာရင်၊ အင်္ဂလန်တိုက်စစ်မှူး ရီးစ်နယ်လ်ဆင်နှင့် အင်္ဂလန်ကွင်းလယ်လူ ဂျိုးဝီလ်ကော့ခ် တို့ဖြစ်ကြောင်း ESPN က ဖော်ပြခဲ့သည်။
လက်ရှိတွင် အာတီတာနှင့် အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အသင်းကို ပြန်လည်အားဖြည့်ရန်အတွက် ကစားသမားသစ်များကို ရှာဖွေလျက်ရှိကြောင်း သိရသည်။ ပြင်သစ် ကလပ်လိုင်ယွန်အသင်း၏ ပြင်သစ်ကွင်းလယ်လူ ဟူဆမ်အာ ၀ါ၊ ဘရိုက်တန်အသင်း၏ အင်္ဂလန်နောက်ခံနောက်ခံလူ ဘင်ဝှိုက်တို့မှာ အာဆင်နယ်အသင်းလက်ရှိ ဦးစားပေးပစ်မှတ်ထားသူများဖြစ်ကြောင်း ESPN က ဖော်ပြခဲ့သည်။















