PSG အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟောင်း ဆာဂျီယိုရာမို့စ်ကို ခေါ်ယူပြီး (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အသက် (၃၅) နှစ်အရွယ် စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ရီးယဲလ်အတွက် (၁၅)နှစ်ကြာ ကစားပေးခဲ့ပြီး ချန်ပီယံလိဂ် (၄)ကြိမ်၊ လာလီဂါချန်ပီယံဆု(၅)ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလား (၄)ကြိမ် အောင်မြင်မှုရယူနိုင်ခဲ့သူပါ။ ရာမို့စ်ဟာ ရီးယဲလ်အသင်းမှာပဲ ကစားသမားဘဝကုန်ဆုံးဖို့ ဆန္ဒရှိခဲ့ပေမဲ့ အသင်းက တစ်နှစ်စာချုပ်သာ ကမ်းလှမ်းခဲ့တဲ့အတွက် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဝိုင်နယ်လ်ဒမ်း၊ ဟာကီမီတို့ကို ခေါ်ယူထားတဲ့ PSG အတွက် ဒီရာသီမှာ တတိယမြောက်ခေါ်ယူမှုဖြစ်လာတဲ့ ရာမို့စ်ကို အသင်းသစ်နဲ့ ပထမဆုံး အင်တာဗျူး ပြုလုပ်ခဲ့ရာမှာတော့ . . .
"တတ်နိုင်သလောက် PSG အတွက် ဆုဖလားတွေ အများကြီး ရယူပေးသွားမယ် "
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















