ထရီနီဒတ်နှင့်ပွဲတွင်ရရှိခဲ့သည့် ဦးခေါင်းဒဏ်ရာကြောင့် လိုဇာနို (၄)ပတ်သို့မဟုတ် (၆)ပတ်ခန့် အနားယူရမည်

ထရီနီဒတ်နှင့်ပွဲတွင်ရရှိခဲ့သည့် ဦးခေါင်းဒဏ်ရာကြောင့် လိုဇာနို (၄)ပတ်သို့မဟုတ် (၆)ပတ်ခန့် အနားယူရမည်
Photo: B/R Football
Photo: B/R Football
Published 12 July 2021

မက္ကဆီကိုတိုက်စစ်ကစားသမား လိုဇာနိုသည် ဇူလိုင်လ(၁၀)ရက်က ယှဉ်ပြိုင်ကစားခဲ့သော CONCACAF Gold Cup ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် ရရှိခဲ့သည့် ဦးခေါင်းဒဏ်ရာကြောင့် (၄)ပတ် သို့မဟုတ် (၆)ပတ်ခန့်အနားယူဖွယ်ရှိနေကြောင်း သိရသည်။

ပွဲချိန် (၁၈)မိနစ်တွင် လိုဇာနို၏ ဦးခေါင်းကို ထရီနီဒတ်ဂိုးသမား မယ်လ်ဗင်ဖီးလစ်၏ဒူးနှင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး သွေးထွက်ဒဏ်ရာလည်းရရှိကာ ၎င်းကို ထမ်းစင်ဖြင့် သယ်ထုတ်သွားခဲ့ရသည်။

လိုဇာနို၏ဘယ်ဘက်မျက်ခုံးဒဏ်ရာကို ပလပ်စတစ်ဆာဂျရီပြုလုပ်ခဲ့ရပြီး ကနဦးစစ်ဆေးချက်များအရ အခြေအနေကောင်းမွန်ကာ ပြန်လည်သက်သာလာနေကြောင်းနှင့် ဦးနှောက်ပိုင်းဆိုင်ရာစမ်းသပ်မှုများ ထပ်မံပြုလုပ်သွားရန်လိုအပ်ကြောင်း မက္ကဆီကိုဘောလုံးအဖွဲ့ချုပ်မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လိုဇာနိုသည် လက်ရှိတွင် မက္ကဆီကိုအသင်း၏အားအထားရဆုံးကစားသမားတစ်ဦးဖြစ်ပြီး နိုင်ငံတကာပွဲ (၄၈)ပွဲကစားကာ (၁၄)ဂိုး သွင်းယူထားသည်။

မက္ကဆီကိုအသင်းသည် လိုဇာနို၏နေရာတွင် LA ဂလက်ဆီအသင်းမှ အီဖရိန်အယ်လ်ဗာရက်ဇ်နှင့် အစားထိုးခဲ့ကြောင်း သိရသည်။

Most Read

Most Recent