လက်စတာအသင်း၏ ကွင်းလယ်ကစားသမား တီလေမန်းစ်သည် ဘယ်လ်ဂျီယံနိုင်ငံတွင် နံရံဆေးရေးပန်းချီဖြင့် ဂုဏ်ပြုခံခဲ့ရကြောင်း သိရသည်။
တီလေမန်းစ်သည် လက်စတာအသင်း ပထမဆုံး FA ဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ရာ၌ တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့သူဖြစ်ပြီး ယင်းအတွက် ယခုကဲ့သို့ ဂုဏ်ပြုခံခဲ့ရခြင်းဖြစ်သည်။
ဘယ်လ်ဂျီယံလက်ရွေးစင် တီလေမန်းစ်သည် အန်ဒါလက်ချ်အသင်းတွင် ဘောလုံးသမားဘဝကို အစပြုခဲ့သူဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း(၂၀၀)နီးပါး ကစားပေးခဲ့သူလည်းဖြစ်သည်။
ထို့ကြောင့် အန်ဒါလက်ချ်အသင်းပရိသတ်များက အသင်း၏ကွင်းအနီးမှ အိမ်တစ်လုံး၏နံရံပေါ်တွင် တီလေမန်းစ်၏ ရုပ်ပုံများကို နံရံဆေးရေးပန်းချီ ရေးဆွဲကာ ဂုဏ်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းကလည်း ယင်းနံရံရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့သည်။















