မေဂျာလိဂ်သို့ပြောင်းရွှေ့ ကစားရန် အာဆင်နယ်ကို ဝီလီယံ စွန့်ခွာမည်

မေဂျာလိဂ်သို့ပြောင်းရွှေ့ ကစားရန် အာဆင်နယ်ကို ဝီလီယံ စွန့်ခွာမည်
Photo: Getty Images
Photo: Getty Images
Published 20 May 2021

အာဆင်နယ်အသင်း၏ ဘရာဇီးလ်တောင်ပံကစားသမား ဝီလီယံသည် လာမည့်နွေရာသီတွင် အာဆင်နယ်အသင်းကို စွန့်ခွာပြီး မေဂျာလိဂ်သို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း သိရှိရသည်။ 

ဝီလီယံသည် ၂၀၂၀ သြဂုတ်လတွင် ချယ်လ်ဆီးအသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာသူဖြစ်ပြီး အာဆင်နယ်အသင်းတွင် ပုံမှန်နေရာရရန် ရုန်းကန်နေရသူဖြစ်သည်။ 

ဝီလီယံသည် မန်ယူကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်ပူးတွဲပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်းသို့ပြောင်းရွှေ့ကစားရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

အင်တာမိုင်ယာမီအသင်း၏ နည်းပြဖြစ်သူ ဖီးလ်နဗီးလ်သည် အသက် (၃၂)နှစ်အရွယ်ရှိ ဝါရင့်တောင်ပံကစားသမား ဝီလီယံကိုခေါ်ယူရန် ဆန္ဒရှိ နေကြောင်း သိရှိရသည်။ 

အင်တာမိုင်ယာမီအသင်းတွင် ဟီဂွါအင်၊ မာတွီဒီ၊ ရှောခရော့စ်အစရှိသော ဥရောပအတွေ့အကြုံရှိကစားသမားများ ကစားလျက်ရှိနေသည်။

Most Read

Most Recent