CDM လှုပ်ရှားမှုနှင့် ပတ်သက်၍ ကလေးဆေးရုံများမှ အထူးကုဆရာဝန်များ အပါအဝင် ဆရာဝန် ၁၀ ဦးနှင့် ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ ၁၀ ဦးအား ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်

CDM လှုပ်ရှားမှုနှင့် ပတ်သက်၍ ကလေးဆေးရုံများမှ အထူးကုဆရာဝန်များ အပါအဝင် ဆရာဝန် ၁၀ ဦးနှင့် ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ ၁၀ ဦးအား ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်
PHOTO: dsinfo.org
PHOTO: dsinfo.org
Published 4 May 2021

CDM လှုပ်ရှားမှုနှင့် ပတ်သက်၍ ကလေးဆေးရုံများမှ အထူးကုဆရာဝန်များ အပါအဝင် ဆရာဝန် ၁၀ ဦးနှင့် ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ ၁၀ ဦးအား ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ကြောင်း မေ ၄ ရက် ညပိုင်း MRTV သတင်းကြေညာချက်အရ သိရသည်။

အဆိုပါ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် ဆရာဝန် ၁၀ ဦးမှာ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ကသာပြည်သူ့ဆေးရုံမှ အထူးကုဒေါက်တာ ခင်သန္တာဆန်း၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ရန်ကင်းကလေးဆေးရုံမှ အထူးကုဒေါက်တာ လှိုင်းဇော်ထက်၊ စမ်းချောင်းမြို့နယ် ဥတ္တရသီရိ ကလေးအထူးကုဆေးရုံမှ အထူးကုဒေါက်တာ အောင်အောင်နှင့် အထူးကု ဒေါက်တာ ကောင်းမြတ်အေးချမ်း၊ နေပြည်တော် ပုဗ္ဗူသီရိမြို့နယ် ဥတ္တရသီရိ သားဖွားမီးယပ်အထူးကုဆေးရုံကြီးမှ အထူးကု ဒေါက်တာရီရီလွင်၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ဥတ္တရသီရိ ကလေးအထူးကုဆေးရုံကြီးမှ အထူးကုဒေါက်တာ အောင်ပြည့်ဖြိုး၊ ကလေးဝပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာဝတ်မှုံထွန်း၊ ရှမ်းပြည်နယ် ကျိုင်းတုံပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာစိုင်းဝန်းလတ်မုန့်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး ပြည်သူ့ဆေးရုံမှ အထူးကု ဒေါက်တာအိမွန်ကိုကို၊ မိုးကုတ်ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ ဇင်မာလတ် တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့အမှုဖွင့်လှစ်ထားသော ဆရာဝန်များအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ လက်ခံထားသူများအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်မည့်အပြင် ၎င်းတို့ကို လက်ခံ၍ ဆေးကုသခွင့် ပေးထားသည့် ပြင်ပပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများကိုလည်း လိုင်စင် ပိတ်သိမ်းမည် ဖြစ်ကြောင်း၊ ဆေးရုံ၊ ဆေးခန်း ပိုင်ရှင်များကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

tr03.jpg

PHOTO: dsinfo.org

ထို့ပြင် မည်သည့် ကျန်းမာရေးဝန်ထမ်းမဆို တာဝန်ကျရာ ဆေးရုံများ၌ CDM လှုပ်ရှားမှုတွင် ပါဝင်ကာ မူလတာဝန်များ ထမ်းဆောင်ခြင်းမရှိဘဲ အခြားပြင်ပပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်၍ အခကြေးငွေ ရယူဆေးကုသခြင်း၊ ကူညီလုပ်ဆောင်ခြင်းများ ပြုလုပ်ပါက တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အဆိုပါ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား လက်ခံထားသည့် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း ပိုင်ရှင်များအား CDM လှုပ်ရှားမှု၌ ပါဝင်သူများကို ထောက်ခံအားပေးခြင်းအရ အရေးယူမည်ဟု ဖော်ပြပါရှိသည်။

ယင်းအပြင် တိုင်းဒေသကြီးအချို့နှင့် ပြည်နယ်အချို့မှ ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ ၁၀ ဦးကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ကြောင်း MRTV သတင်းကြေညာချက်အရ သိရသည်။

Most Read

Most Recent