■ ဟက်ထရစ်သွင်းယူခဲ့သည့် ဘေးလ်၏အနာဂတ်ကို ရာသီကုန်မှဆွေးနွေးမည်ဟု ရိုင်ယန်မေဆန် ဆို

■ ဟက်ထရစ်သွင်းယူခဲ့သည့် ဘေးလ်၏အနာဂတ်ကို ရာသီကုန်မှဆွေးနွေးမည်ဟု ရိုင်ယန်မေဆန် ဆို
Published 4 May 2021

တနင်္ဂနွေနေ့က ရှက်ဖီးယူနိုက်တက်အသင်းနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့သည့် ဂါရတ်ဘေးလ်၏ အနာဂတ်ကို ရာသီကုန်မှသာ ဆွေးနွေးမည်ဖြစ်ကြောင်း စပါးအသင်း ယာယီနည်းပြ ရိုင်ယန်မေဆန်က ပြောကြားသည်။

ဝေးလ်စ်လက်ရွေးစင်ကစားသမား ဂါရတ်ဘေးလ် (၃၁ နှစ်)သည် ရီးယဲလ်အသင်း မှ စပါးအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် လာရောက်ကစားနေခြင်းဖြစ်သည်။ 

နည်းပြဟောင်း မော်ရင်ဟိုလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်မရသော်လည်း ရိုင်ယန်မေဆန်ကိုင်တွယ်သည့် သုံးပွဲတွင် ပရီးမီးယားလိဂ်နှစ်ပွဲစလုံး ပွဲထွက်ခွင့်ရကာ လေးဂိုးသွင်းယူပေး ထားသည်။ 

ယင်းပွဲအပြီးတွင် ဘေးလ်၏အနာဂတ်ကို BBC သတင်းဌာနက မေးမြန်းရာ ရိုင်ယန်မေဆန်က ''ဘေးလ် ဆက်ရှိနေမလားဆိုတဲ့ကိစ္စက ရာသီကုန်မှပဲ ဆွေးနွေးဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ရဲ့ ဦးစားပေးပစ်မှတ်က လာမယ့်ပွဲပါပဲ။ ဂါရတ်ဘေးလ်က Final Third (ပြိုင်ဘက်ဂိုးဧရိယာဘက်ခြမ်း)မှာ အံ့အားသင့်စရာ စွမ်းဆောင်နိုင်တဲ့ အရည်အသွေးတွေ မဆုံးရှုံးသေးဘူးဆိုတာ ကျွန်တော် အမြဲပြောဖူးပါတယ်။ သူက ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ပါ။ အဲဒီဟာကို နှစ်ပေါင်းများစွာ သက်သေပြထားပြီးသားပါ''ဟု ပြောကြားသည်။

ဘေးလ်သည် ယခုရာသီ စပါးအသင်းတွင် ပြိုင်ပွဲစုံ ပွဲ(၃၀)ကစားကာ (၁၄)ဂိုး သွင်းယူပေးထားသည်။

Most Read

Most Recent