နေမာနှင့် ဘာပေတို့ကို တားဆီးနိုင်ရန် ကြိုးစားမည်ဟု ဂွါဒီယိုလာ ပြောကြား

နေမာနှင့် ဘာပေတို့ကို တားဆီးနိုင်ရန် ကြိုးစားမည်ဟု ဂွါဒီယိုလာ ပြောကြား
Photo: Getty Images & Goal.com
Photo: Getty Images & Goal.com
Published 27 April 2021

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက PSG တိုက်စစ်မှူးများဖြစ်သည့် နေမာနှင့် ဘာပေတို့ကို တားဆီးရန် ကြိုးစားမည်ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်အဖြစ် ယနေ့တွင် PSG အသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

ဂွါဒီယိုလာက PSG အသင်း၏ နာမည်ကျော်တိုက်စစ်မှူးများဖြစ်သည့် နေမာနှင့် ဘာပေတို့ကို တားဆီးရန်အတွက် ခံစစ်ပိုင်းကို အကောင်းဆုံးကစားနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂွါဒီယိုလာက "ပြီးခဲ့တဲ့ညက အိပ်ပျော်အောင် ကျွန်တော် ကြိုးစားခဲ့ရပါတယ်။ ဘာပေနဲ့ နေမာအကြောင်းကို မတွေးတဲ့အခါ ကျွန်တော် ကောင်းကောင်း အိပ်ပျော်ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ အသင်းလိုက်စုစည်းမှုအပြည့်နဲ့ ကစားနိုင်ဖို့လိုပြီး ခံစစ်ပိုင်းက နေမာနဲ့ ဘာပေကို တားဆီးနိုင်ဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဂွါဒီယိုလာက နေမာအနေဖြင့် ဘာစီလိုနာအသင်းမှ မထွက်ခွာခဲ့လျှင် ချန်ပီယံလိဂ်ဖလား အနည်းဆုံး (၂)ကြိမ်၊ (၃)ကြိမ် ထပ်မံရယူနိုင်မည်ဟု ထင်ကြောင်းနှင့် ဘာပေမှာ ပါရမီ၊ စွမ်းရည်အပြည့်ရှိသည့် ကစားသမားဖြစ်ကြောင်းလည်း ချီးကျူးခဲ့သည်။ 

Most Read

Most Recent