■ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၃၁)
လိုက်ပ်ဇစ် - စတုဂတ် (တနင်္ဂနွေည ၈းဝ၀ နာရီ)
လိုက်ပ်ဇစ်အသင်း အိမ်ကွင်း(၃)ပွဲဆက် နိုင်ပွဲပျောက် ထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကလည်း သေချာသလောက်ဖြစ်နေ တယ်။ စတုဂတ်ကလည်း အမှတ်မလိုတဲ့အသင်းပါ။ လိုက်ပ်ဇစ် ကိုပဲ ရွေးချယ်ချင်တယ်။
မိုချန်ဂလာဘတ် - အာမီးနီးယား (တနင်္ဂနွေည ၁ဝး၃၀ နာရီ)
အာမီးနီးယားရဲ့အဝေးကွင်းရလဒ်တွေက သိပ်စိတ်ဝင် စားစရာမကောင်းပေမဲ့ နောက်ပိုင်းပွဲတွေမှာ ရုန်းကန်လာမှုကို တော့ အသိအမှတ်ပြုရမယ်။ မိုချန်ဂလာဘတ် နိုင်ရင်တောင် ဂိုးမပြတ်နိုင်လောက်ဘူး။
■ ပြင်သစ်လီဂူးပွဲစဉ် (၃၃)
နိုက်စ် - မောင့်ပယ်လီယာ (တနင်္ဂနွေညနေ ၅း၃၀ နာရီ)
နိုက်စ်က ပြီးခဲ့တဲ့ပွဲမှာ ဒီယွန်းကို မထင်မှတ်ဘဲ ရှုံးခဲ့တယ်။ မောင့်ပယ်လီယာကတော့ (၁၁)ပွဲဆက် မရှုံးသေးသလို၊ ခြေစွမ်း လည်း ငြိမ်ပါတယ်။ မောင့်ပယ်လီယာ အမှတ်ရပါမယ်။
လန်းစ် - နီးစ် (တနင်္ဂနွေည ရး၃၀ နာရီ)
စိတ်ဝင်စားစရာပွဲကောင်းဖြစ်လာနိုင်ပြီး နီးစ်ရဲ့ တန်းဆင်း ဇုန်ရုန်းအားကို ပိုစဉ်းစားသင့်တဲ့ပွဲပါ။ (၂)သင်းပေါင်း သွင်းဂိုး များနိုင်ပြီး ဧည့်သည် နီးစ်ကို ကြိုက်ပါတယ်။
လော်ရီယန့် - ဘော်ဒိုး (တနင်္ဂနွေည ရး၃၀ နာရီ)
လော်ရီယန့်က နောက်ဆုံး (၂)ပွဲဆက် ရှုံးခဲ့လို့ ဖိအားများ လာခဲ့တယ်။ ဘော်ဒိုးကလည်း ခြေပျက်နေပြီး ခံစစ်က တော် တော် ဆိုးရွားနေတယ်။ လော်ရီယန့်ကို ပိုကြိုက်တယ်။
ရန်းစ် - ဒီယွန်း (တနင်္ဂနွေည ရး၃၀ နာရီ)
ဒီယွန်း ပြီးခဲ့တဲ့ပွဲမှာ နိုင်ပွဲပြန်ရခဲ့ပေမဲ့ ဆေးမမှီတော့ပါဘူး။ ရန်းစ်က အမှတ်ပေးဇယားထိပ်ပိုင်းကို ရသလောက်သွားနေပြီး ဒီပွဲလည်း ဂိုးပြတ်နိုင်ဦးမယ်။
စထရာဘိုး - နန့်စ် (တနင်္ဂနွေည ရး၃၀ နာရီ)
စထရာဘိုးက ခြေမငြိမ်ပေမဲ့ နန့်စ်က ပိုဆိုးပါတယ်။ နောက် ဆုံး (၃)ပွဲဆက် ရှုံးခဲ့တယ်။ ဒီပွဲလည်း အဝေးကွင်းမှာ နန့်စ် သရေ တောင်ရနိုင်မယ် မထင်ဘူး။
အန်ဂါစ် - မိုနာကို (တနင်္ဂနွေည ၉း၃၅ နာရီ)
နောက်ဆုံး (၄)ပွဲဆက်နိုင်တဲ့ မိုနာကိုကို ချီးကျူးရမှာဖြစ် ပြီး ကစားသမားအင်အားလည်း တောင့်တင်းပါတယ်။ ချန်ပီယံ ဆုအတွက် အဝေးကွင်းမှာ မိုနာကို နိုင်ပွဲယူပါလိမ့်မယ်။
လိုင်ယွန် - လိုင်လီ (တနင်္လာနံနက် ၁း၃၀ နာရီ)
လိုင်ယွန်က လိုင်လီကို လီဂူးနောက်ဆုံး (၈)ပွဲဆက်မနိုင်သေးဘူး။ အဲဒီ (၈)ပွဲမှာ လိုင်ယွန်က (၄)ပွဲအထိရှုံးခဲ့တယ်။ နောက်ပိုင်းနှစ်တွမှာ တက်ရိပ်ပြလာတဲ့ လိုင်လီကြောင့်လည်း ထိပ်တိုက်တွေ့ဆုံမှုတွေမှာ လိုင်ယွန်ပိုမိုရုန်းကန်လာရတာဖြစ်တယ်။ လက်ရှိခြေစွမ်းချင်းသိပ်မကွာပေမဲ့ တိုက်စစ်ပိုင်းကတော့ ဒီပိုင်းဦးဆောင်တဲ့ လိုင်ယွန်ကအနည်းငယ်ပိုသာပါတယ်။ ဒါ့အပြင် နောက်ပိုင်းပွဲတွေမှာ ဒီပိုင်းဂိုးပေါက်ပြန်တွေ့လာတာကလည်း လိုင်ယွန်အတွက်အားရစရာပါ။ လိုင်လီကတော့ PSG နဲ့မက်ဇ်တို့ကိုနိုင်ခဲ့ပေမဲ့ မောင့်ပယ်လီယာကိုသရေသာကစားနိုင်ခဲ့တယ်။ ဒါ့အပြင် လိုင်လီရဲ့ကစားဟန်က စုစည်းမှုကောင်းပေမဲ့ အရင်လိုဂိုးပြတ်နိုင်ပွဲတွေသိပ်မရတော့ဘူး။ ဒီပွဲကချန်ပီယံဆုအတွက် အမှားခံလို့မရတဲ့ပွဲဖြစ်ပြီး လိုင်ယွန်အနိုင်ရသွားလိမ့်မယ်လို့ ထင်မိတယ်။















