လိဂ်ဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

 လိဂ်ဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 25 April 2021

မန်စီးတီး - စပါး (တနင်္ဂနွေည ၁ဝးဝ၀ နာရီ)

မန်စီးတီးနဲ့ ကစားမယ့် ဗိုလ်လုပွဲမတိုင်ခင်မှာ မော်ရင်ဟိုကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ စပါးရဲ့ဆုံးဖြတ်ချက်က အံ့သြစရာဖြစ်တယ်။ ဗိုလ်လုပွဲတွေမှာ ရလဒ်ကောင်းတွေယူလေ့ရှိတဲ့ မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ခြင်းက ရေရှည်အတွက် မှန်၊ မမှန်စောင့်ကြည့်ရမှာဖြစ်ပေမယ့် ဒီပွဲအတွက်တော့ မှားသွားတယ်လို့ ပြောရမယ်။ အသင်းကလည်း ရလဒ်ပိုင်းမတည်မငြိမ် ဖြစ်နေပေမဲ့ အရမ်းဆိုးရွားတဲ့အခြေအနေလို့ ပြောလို့မရပါဘူး။ အနည်းဆုံးတော့ ဗိုလ်လုပွဲအပြီးအထိ စောင့်ခဲ့သင့်တယ်လို့ ထင်တယ်။ အခုအခြေအနေမှာတော့ စပါးရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေက တည်ငြိမ်တဲ့အနေအထားမှာ ရှိမနေမှာ သေချာ တယ်။ မန်စီးတီးကလည်း နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ ရလဒ်ပိုင်း ကျဆင်းနေတာတွေ့ရတယ်။ ဒါပေမဲ့ တစ်ဖက်ကကြည့် ရင် မန်စီးတီးက အားနည်းသွားတာမျိုးမဟုတ်ဘဲ ပုံစံကောင်း၊ အနေအထားကောင်းမှာရှိနေဆဲ၊ စပါးထက် ပိုကောင်းတဲ့ အ သင်းဖြစ်နေဆဲပါပဲ။ ဒီဘရို်င်းနား မပါနိုင်ရင် အားနည်းချက် အနည်းငယ်ရှိပေမဲ့ မန်စီးတီးက အားကောင်းနေဆဲဖြစ်ပါတယ်။ စပါးကို အနိုင်ယူပြီး လိဂ်ဖလားကို ယူသွားပါလိမ့်မယ်။ 

Most Read

Most Recent