မြန်မာနှင့်သက်ဆိုင်သည့် အာဆီယံအစည်းအဝေးသည် မြန်မာတွင်ဖြစ်ပေါ်နေသော အကျပ်အတည်းများ အဆင်ပြေမှုရစေရေး လမ်းကြောင်းပေးနိုင်မည်ဟု တရုတ်က မျှော်လင့်သည့် အစည်းအဝေးဖြစ်ကြောင်း ဧပြီ ၂၂ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထုတ်ဖော်ပြောကြားခဲ့သည်။
ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင်ကျင်းပမည့် အစည်းအဝေးသည် လူပုဂ္ဂိုလ်ကိုယ်တိုင် တက်ရောက်ရမည့် အစည်းအဝေးဖြစ်ပြီး ယင်းအစည်းအဝေးသည် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဆန္ဒပြသူ ရာ ချီသေဆုံးခဲ့ရသည့် မြန်မာနိုင်ငံမှ အကျပ်အတည်းပြေလည်စေရန် ပထမဆုံးနိုင်ငံတကာ စုပေါင်းကြိုးပမ်းမှုဖြစ်ကြောင်း၊ အများသဘောတူညီချက်နှင့်ဆောင်ရွက်ပြီး အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးကို ကြားဝင်စွက် ဖက်ခြင်းမှ လက်ရှောင်လေ့ရှိသော အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အတွက် ယခုအစည်းအဝေးသည် စမ်းသပ်မှုတစ်ခုလည်း ဖြစ်သည်။
“အစည်းအဝေးဟာ မြန်မာ့အရေးအတွက် အကျမနာစေရေးကို အထောက်အကူ ပြုမယ့် အစကောင်းမှုတစ်ခုဆီ ဦးတည်သွားဖို့ တရုတ်ဘက်က မျှော်လင့်ပါတယ်” ဟု တရုတ် ၏ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ် ယိသည် ထိုင်းနှင့် ဘရူနိုင်းတို့မှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် စကားပြောဆိုခဲ့သည်ဟု ဆို သည်။
ဧပြီ ၂၄ ရက်တွင် ဂျာကာတာ၌ပြုလုပ်မည့် အာဆီယံအစည်းအဝေးကို တရုတ်တက် ရောက်ခြင်းရှိ မရှိ ချက်ချင်းရှင်းလင်းစွာ မသိ ရသေးခြင်းဖြစ်သည်။
ဒေသပြင်ပမှ မဆီလျော်တဲ့ကြားဝင်မှုကို ရှောင်ရှားသင့်ကြောင်း မစ္စတာဝမ်က ပြောကြားခဲ့ကြောင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ပြည်ပအင်အားစုတွေရဲ့ကျိုးကြောင်းမမြင်ဘဲ ပြင်းထန်တဲ့ဖိအားပေးမှုဟာ နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးပြဿနာတွေကို ဖြေရှင်းဖို့ အထောက်အကူမပြုရုံသာမက အ ခြေအနေကို ပိုလို့ယိုယွင်းစေတာ ဒါမှမဟုတ် ရှုပ်ထွေးစေတာလည်း ဖြစ်စေပါလိမ့်မယ်။ အဲဒီအခြေအနေဟာ ဒေသကို သက်ရောက် မယ်၊ ဒေသကိုမတည်မငြိမ်ဖြစ်စေမယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။
တပ်မတော်က နိုင်ငံတော်တာဝန်ကိုလွှဲ ယူခဲ့ပြီးနောက် မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ် ဆို့မှုများအား အမေရိကန်ပြည်ထောင်စုအ နေဖြင့် ချမှတ်ထားပြီး ထပ်မံ၍အရေးယူမှုများ ရှိလာမည်ဖြစ်ကြောင်းလည်း ၀ါရှင်တန်က ပြောကြားထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “ဓမ္မဓိဋ္ဌာန်ကျပြီး မျှတတဲ့သဘောထားရှိဖို့၊ အတိုက်အခံလုပ်တာထက် မြန်မာနိုင်ငံက တင်းမာမှုလျော့ပါးရေးကိုကူညီရာမှာ ပိုမိုလုပ် ဆောင်ပေးဖို့ တရုတ်က နိုင်ငံတကာအသိုင်း အဝိုင်းကို ဆော်သြပါတယ်” ဟု ပြောကြားခဲ့ သည်။
တရုတ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း ဂျပန်၊ တောင်ကိုရီးယားတို့ နှင့်အတူ Asean Plus Three တွင်ပါဝင်သည့် နိုင်ငံဖြစ်သည်။
“တရုတ်ဟာ အာဆီယံနဲ့ အနီးကပ်ဆက် ဆံတာကို ထိန်းသိမ်းထားမှာဖြစ်ပြီး ကိုယ့်နည်း ကိုယ့်ဟန်နဲ့ မြန်မာနဲ့ သက်ဆို်င်တဲ့ အလုပ်မှန် သမျှကို ဆက်လက်ကိုင်တွယ်ဆောင်ရွက်သွား မှာဖြစ်ပါတယ်” ဟု မစ္စတာဝမ်ယိက ပြောကြားခဲ့သည်။















