ဂရင်းစလင်းချန်ပီယံဆု အကြိမ် ၂၀ ရရှိထားသည့် ၀ါရင့်ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒါရာက ပြင်သစ်အိုးပင်း ဂရင်းစလင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အသက် ၃၉ နှစ်ရှိပြီဖြစ်သည့် ဖက်ဒါရာ သည် ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု နှစ်ကြိမ် ပြုလုပ်ခဲ့ရသောကြောင့် ၁၄ လကြာ အနားယူခဲ့ရပြီး မတ်လအတွင်းကျင်းပသည့် ကာတာအိုးပင်းပြိုင်ပွဲမှသာ ပထမဆုံးအကြိမ် ပြန်လည်ကစားနိုင်ခဲ့သည်။
ဖက်ဒါရာသည် ယင်းပြိုင်ပွဲနောက်ပိုင်း ပြိုင်ပွဲများ ဆက်လက်ယှဉ် ပြိုင်ခြင်းမရှိသော်လည်း ပြင်သစ်အိုးပင်းမတိုင်မီ ကျင်းပမည့် ဂျီနီဗာအိုးပင်း မြေစေးကွင်း ပြိုင်ပွဲ၌ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းသည် ဒဏ်ရာ ပြဿနာကြောင့် ၂၀၂၀ ဇန်နဝါရီနောက်ပိုင်းကတည်းက ဂရင်းစလင်းပြိုင်ပွဲများနှင့် ဝေးကွာနေခြင်းဖြစ်သည်။















