ကမ္ဘာ့ရွှေစျေး ၁၇၈၇ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၄၄၀၀၀၀ ဝန်းကျင်ရှိနေ

ကမ္ဘာ့ရွှေစျေး ၁၇၈၇ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၄၄၀၀၀၀ ဝန်းကျင်ရှိနေ
Published 19 April 2021

၂၀၂၁ ခုနှစ် ဧပြီ ၁၉ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၈၇ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ဧပြီ ၁၉ ရက်တွင် ပြည်တွင်း ရွှေစျေးနှုန်း ကျပ် ၁၄၄၀၀၀၀ ဝန်းကျင်ရှိကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်း ရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက်စံချိန် တင်စျေးနှုန်းများမှာ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ဇူလိုင် ၁၈ ရက် တွင် ကျပ် ၁၁၄၃၅၀၀၊ သြဂုတ် ၁၃ ရက်  တွင် ကျပ် ၁၂၃၇၀၀၀၊ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

ခြောက်လအတွင်း လအလိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံး ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် ကျပ် ၁၂၉၈၀၀၀-၁၃၂၀၀၀၀၊  အောက်တိုဘာတွင် ကျပ် ၁၃၀၇၅၀၀-၁၃၁၉၀၀၀၊ နိုဝင်ဘာတွင် ကျပ် ၁၂၆၆၇၀၀-၁၃၁၈၀၀၀၊  ဒီဇင်ဘာတွင် ကျပ် ၁၂၇၅၀၀၀-၁၃၃၃၀၀၀၊  ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ကျပ်  ၁၃၁၆၅၀၀- ၁၃၃၆၀၀၀၊ ဖေဖော်ဝါရီတွင် ကျပ် ၁၃၄၁၀၀၀- ၁၄၂၀၀၀၀ ဖြစ်သည်။