ပေါ့ဘာအတွက် တစ်ပတ်လုပ်ခပေါင် (၅၀၀၀၀၀)အထိ ရိုင်ယိုလာ အလိုရှိနေပြီး ရီးယဲလ်မက်ဒရစ်နှင့်လည်း ဆွေးနွေးသွားဖွယ်ရှိနေ

ပေါ့ဘာအတွက် တစ်ပတ်လုပ်ခပေါင် (၅၀၀၀၀၀)အထိ ရိုင်ယိုလာ အလိုရှိနေပြီး ရီးယဲလ်မက်ဒရစ်နှင့်လည်း ဆွေးနွေးသွားဖွယ်ရှိနေ
Photo: MUSVN
Photo: MUSVN
Published 19 April 2021

မန်ယူအသင်းမှ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ၏ အေးဂျင့်ဖြစ်သူ ရိုင်ယိုလာသည် ၎င်း၏ကစားသမားအတွက် စာချုပ်သစ်တွင် တစ်ပတ်လုပ်ခ ပေါင် (၅)သိန်းအထိ တောင်းဆိုဖွယ်ရှိနေပြီး ရီးယဲလ်မက်ဒရစ်အသင်းနှင့်လည်း ဆွေးနွေးသွားဖွယ်ရှိကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

အသက် (၂၈)နှစ်အရွယ်ရှိ ပေါ့ဘာနှင့် မန်ယူအသင်း၏ လက်ရှိစာချုပ်မှာ လာမည့် ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်အထိ စာချုပ်သစ်အတွက် သဘောတူညီမှု မရသေးကြောင်း သိရသည်။

မန်ယူအသင်းအနေဖြင့် ပေါ့ဘာအား စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိသော်လည်း  အေးဂျင့် ရိုင်ယိုလာ တောင်းဆိုသည့် လစာငွေနှင့် အပိုခံစားခွင့်များက အဟန့်အတားဖြစ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ထို့ကြောင့် ပေါ့ဘာအနေဖြင့် ယခုရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သစ် ဆွေးနွေးခြင်း (သို့မဟုတ်)အသင်းသစ် ရှာဖွေခြင်းကို ပြုလုပ်ဖွယ်ရှိနေပြီး ရိုင်ယိုလာအနေဖြင့် ပေါ့ဘာ၏ လစာငွေနှင့်ပတ်သက်ပြီး ရီးယဲလ်အသင်းနှင့် ဆွေးနွေးသွားဖွယ်ရှိကြောင်းလည်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် ပေါ့ဘာအား ကာလရှည်ပစ်မှတ်ထားနေသူဖြစ်ပြီး ပြီးခဲ့သည့် (၂)ရာသီအတွင်း ပေါ့ဘာ၏ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုအချို့ရှိခဲ့ကြောင်းလည်း သိရသည်။

သို့သော် လက်ရှိအချိန်တွင် ရီးယဲလ်အသင်းမှာ ကွင်းသစ်စီမံကိန်းနှင့်အတူ ဘဏ္ဍာရေးအကျပ်အတည်းများ ကြုံတွေ့နေသောကြောင့် ပေါ့ဘာအား ခေါ်ယူလိုလျှင်ပင် ရိုင်ယိုလာ တောင်းဆိုသည့် တစ်ပတ်လစာ ပေါင် (၅)သိန်းကို ပေး ချေနိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။

ပေါ့ဘာအား ခေါ်ယူရန်အတွက် ပြင်သစ်ကလပ် PSG အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent