ဆွာရက်ဇ်ကို ပြန်လည် ခေါ်ယူရန် လီဗာပူးလ်  ပစ်မှတ်ထားနေ

ဆွာရက်ဇ်ကို ပြန်လည် ခေါ်ယူရန် လီဗာပူးလ်  ပစ်မှတ်ထားနေ
Photos: Getty Images
Photos: Getty Images
Published 19 April 2021

လီဗာပူးလ်အသင်းသည် စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းမှ ၎င်းင်းတို့ ၏ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ လူးဝစ် ဆွာရက်ဇ်အား ပြန်လည်ခေါ်ယူရန် ပစ်မှတ် ထားနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ ကြသည်။ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဆွာရက်ဇ် (၃၃ နှစ်)သည် ယခုရာသီ လာလီဂါ ပြိုင်ပွဲတွင် အက်သလက်တီကိုမက်ဒရစ်အ သင်းအတွက် (၂၆)ပွဲကစားပြီး (၁၉)ဂိုးသွင်းယူ ပေးထားကာ  လာလီဂါချန်ပီယံဆုတစ်ကျော့ ပြန်ရယူနိုင်ရေးအတွက် ကူညီပေးလျက်ရှိနေ သည်။ 

သို့သော် အက်သလက်တီကိုမက်ဒရစ် အသင်းနှင့် သူ၏စာချုပ်ပါအချက်အလက်များ အရ ဆွာရက်ဇ်အနေဖြင့် ရာသီကုန်တွင်အ သင်းပြောင်းရွှေ့လိုပါက ပြောင်းရွှေ့နိုင်သည့် အခွင့်အရေးရှိနေကြောင်း သိရသည်။ ၎င်းင်းအား မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း ကလည်း ပစ်မှတ်ထားနေကြောင်း သိရသည်။

ဆွာရက်ဇ်သည် ၂၀၁၁ ဇန်နဝါရီအပြောင်းအရွှေ့က အေဂျက်စ်အသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် (၂၃)သန်းဖြင့်ရောက်ရှိလာသူဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၃၃)ပွဲကစားကာ (၈၂)ဂိုးအထိသွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု၊ ဥရောပရွှေဖိနပ်ဆုများအပါဝင် တစ်ဦးချင်းအောင်မြင်မှုများစွာရယူနိုင်ခဲ့သည်။

Most Read

Most Recent