ရာမို့စ်အား စာချုပ်သက်တမ်းတိုးရန် ရီးယဲလ်အသင်းကို ဟီယာရို တိုက်တွန်း

ရာမို့စ်အား စာချုပ်သက်တမ်းတိုးရန် ရီးယဲလ်အသင်းကို ဟီယာရို တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 9 March 2021

ရီးယဲလ်အသင်းဂန္ထဝင် ဟီယာရိုက စပိန်နောက်ခံလူ ရာမို့စ်အား စာချုပ်သက်တမ်းတိုးရန် အသင်းကို တိုက်တွန်းခဲ့သည်။ 

အသက် (၃၄)နှစ်အရွယ်ရှိ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်သည် ယခုရာသီကုန်တွင် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်အသင်း၏ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုများကို ငြင်းပယ်ထားကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

သို့သော် ဟီယာရိုက ရာမို့စ်မှာ အသင်းသမိုင်းတွင် အကောင်းဆုံးဗဟိုနောက်ခံလူဖြစ်ပြီး ၎င်းကို ရီးယဲလ်အသင်းတွင်သာ ဆက်ရှိနေစေလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဟီယာရိုက "ရာမို့စ်နဲ့ ကျွန်တော့်အကြားမှာ တူညီမှုတွေ ရှိတယ်လို့ ထင်ပါတယ်။ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ရာမို့စ်ဟာ ရီးယဲလ်အသင်းရဲ့ ဂန္ထဝင်ဖြစ်ပြီး သူ့အနေနဲ့ ကစားသမားဘဝကို ရီးယဲလ်အသင်းမှာပဲ အဆုံးသတ်ဖို့ မျှော်လင့်ပါတယ်။ သူ့လိုကစားသမားမျိုးအနေနဲ့ ရီးယဲလ်အသင်းမှာပဲ ကစားသမားဘဝ ကုန်ဆုံးသင့်ပါတယ်။ သူဟာ ကျွန်တော့်အတွက်တော့ ရီးယဲလ်အသင်းသမိုင်းမှာ အကောင်းဆုံးဗဟိုနောက်ခံလူပါ။ ရီးယဲလ်အသင်းမှာ သူ ရှိနေတာကိုပဲ မြင်ချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ရာမို့စ်သည် ၂၀၀၅ ခုနှစ်တွင် ဆီဗီလာအသင်းမှ ရီးယဲလ်အသင်းထံသို့ ယူရို (၂၇)သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် (၁၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၆၆၈)ပွဲတွင် ဂိုး (၁၀၀) သွင်းယူပေးထားသည်။ 

ယခုရာသီကုန်တွင် ရီးယဲလ်အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် ရာမို့စ်ကို ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများဖြစ်သည့် မန်ချက်စတာယူနိုက်တက်နှင့် PSG အသင်းတို့က စိတ်ဝင်စားနေကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent