ဘိုင်ယန်မြူးနစ်အသင်းတွင် လီဝန်ဒေါစကီး တစ်ပတ်ပေါင်(၃)သိန်းကျော် ရရှိနေ

ဘိုင်ယန်မြူးနစ်အသင်းတွင် လီဝန်ဒေါစကီး တစ်ပတ်ပေါင်(၃)သိန်းကျော် ရရှိနေ
Photo: Getty Images
Photo: Getty Images
Published 9 March 2021

ဘိုင်ယန်မြူးနစ်အသင်း၏ တိုက်စစ်မှူး လီဝန်ဒေါစကီးသည် အသင်းတွင် တစ်ပတ်လုပ်ခ ပေါင်(၃)သိန်းကျော် ရရှိနေကြောင်း သိရသည်။ 

လီဝန်ဒေါစကီးသည် ၂၀၁၉ ခုနှစ်က အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ရာတွင် အဆိုပါ လစာနှုန်းထားကို တိုးမြင့်ရရှိခဲ့ခြင်းဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်း၏ လစာအများဆုံးကစားသမားလည်း ဖြစ်လာခဲ့သည်။ 

ထို့ပြင် ယခုနှုန်းထားမှာ ပရီးမီးယားလိဂ်မှ လစာအများဆုံးကစားသမားများနှင့် ယှဉ်နိုင်သည့်အခြေအနေဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်တွင် ၎င်းင်းထက် လစာပိုများသူမှာ မန်ယူဂိုးသမား ဒီဟေးယားနှင့် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းတို့နှစ်ဦးသာ ရှိကြောင်းလည်း သိရသည်။ 

လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်းတွင် တစ်ပတ်ပေါင်(၃၂၅၀၀၀)ရရှိနေခြင်းဖြစ်ပြီး ဂိုးသမားနော်ယာက ဒုတိယအများဆုံးအဖြစ် တစ်ပတ်ပေါင်(၃၀၀၀၀၀)ရရှိနေကြောင်း သိရသည်။

အသက် (၃၂)နှစ်အရွယ်ရှိ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၃၃)ပွဲတွင် (၃၇)ဂိုးအထိ သွင်းယူထားသည်။ 

Most Read

Most Recent