ပေါင်ဒဏ်ရာရရှိနေသည့် ပေါ့ဘာအနေဖြင့် ရက်သတ္တပတ်အနည်းငယ် ထပ်မံအနားယူရမည်ဟု ဆိုးလ်ရှား အတည်ပြု

ပေါင်ဒဏ်ရာရရှိနေသည့် ပေါ့ဘာအနေဖြင့် ရက်သတ္တပတ်အနည်းငယ် ထပ်မံအနားယူရမည်ဟု ဆိုးလ်ရှား အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 26 February 2021

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းကွင်းလယ်လူ ပေါ့ဘာအနေဖြင့် ရက်သတ္တပတ်အနည်းငယ်ထပ်မံ အနားယူရမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ပေါ့ဘာသည် ဖေဖော်ဝါရီ (၆)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ (၃-၃) အဲဗာတန်ပွဲ၌ ပေါင်ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် (၃၉)မိနစ်တွင် ဖရက်ဒ်နှင့် လူစားလဲခဲ့ရသည်။

၎င်းသည် ယင်းကတည်းက အနားယူနေခဲ့ရပြီး မန်ယူအသင်း၏ ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲကို လွဲချော်ခဲ့ရသလို ရက်သတ္တပတ် အနည်းငယ်ထပ်မံအနားယူရဖွယ်ရှိနေကြောင်း သိရသည်။

ဆိုးလ်ရှားက "ကျွန်တော်တို့အနေနဲ့ ပေါ့ဘာရဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးကြည့်ရဦးမှာပါ။ သူ့အနေနဲ့ ရက်သတ္တပတ် အနည်းငယ်လောက် အနားယူရဦးမယ် ထင်ပါတယ်။ တွမ်မီနေး၊ ကာဗာနီနဲ့ ဗန်ဒယ်ဘိခ်တို့ကတော့ တနင်္ဂနွေနေ့မှာ ကစားမယ့် ချယ်လ်ဆီးနဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၂၈)ပွဲတွင် (၄)ဂိုး သွင်းယူပေးထားသည်။

Most Read

Most Recent