လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအကယ်ဒမီမှ ကစားသမား(၃)ဦးကို ခေါ်ယူရန် မန်ချက်စတာယူနိုက်တက်အသင်း စီစဉ်

လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအကယ်ဒမီမှ ကစားသမား(၃)ဦးကို ခေါ်ယူရန် မန်ချက်စတာယူနိုက်တက်အသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 24 February 2021

 

မန်ချက်စတာယူနိုက်တက်အသင်းသည် လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်း၏ အကယ်ဒမီကစားသမား(၃)ဦးကို ခေါ်ယူရန် စီစဉ်နေ ကြောင်း သိရသည်။ 

အဆိုပါကစားသမားများ၏ အမည်နှင့် အချက်အလက်အသေးစိတ်ကို ဖော်ပြနိုင်ခြင်းမရှိသေးသော်လည်း အလားအလာရှိသည့် အသက်(၁၅)နှစ်အောက် ကစားသမားများဖြစ်ပြီး ၎င်းတို့ကို ခေါ်ယူမှုအတွက် မန်ယူအသင်း အနေဖြင့် ပေါင်(၇၅၀၀၀၀)ဝန်းကျင် ပေးချေရမည်ဖြစ်ကြောင်း Athletic သတင်းစာက ဖော်ပြခဲ့သည်။ 

ထို့ပြင် ဒါဘီအသင်းကလည်း ငွေကြေးလိုအပ်ချက်ရှိနေသဖြင့် မန်ယူအသင်း၏ အစီအစဉ်ကို ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြောင်းလည်း သိရသည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ ဒါဘီနည်းပြ ရွန်နီ၏ အမြင်ကို မေးမြန်းခဲ့ရာတွင်မူ ၎င်းင်းက အသင်း၏ ကစားသမားကင်းထောက်အဖွဲ့ကသာ ဆုံးဖြတ်ချက်ချမှတ်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent