မန္တလေးတက္ကသိုလ် ဆရာ၊ဆရာမများမှ ယနေ့ ( ဖေဖော်ဝါရီ ၉ရက်) နံနက် ၈ နာရီခွဲခန့်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြမှုကို ရဲတပ်ဖွဲ့မှ တားဆီးခဲ့သော်လည်း ၇၃ လမ်းအတိုင်း ဆက်လက် ထွက်ခွာခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တွင် လူငါးဦးထက် ပိုမစုရန် နှင့် ည ၈ နာရီမှ နံနက် ၄ နာရီထိ ည မထွက်ရ အမိန့် ကို ဖေဖော်ဝါရီ ၈ ရက်က ထုတ်ပြန်ထားသည်။















