ဘွန်ဒစ်လီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 6 February 2021

လေဗာကူဆင် - စတုဂတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၆ ရက် ည ၉:၀၀ နာရီ)

လေဗာကူဆင်အနေနဲ့ ရလဒ်ဆိုးထဲကနေ ပြန်ရုန်းထွက် ရတော့မယ့်အချိန်ပါ။ စတုဂတ်ကတော့ ဒီရာသီမှာ လေးစားလောက်စရာတွေ လုပ်ပြထားပေမဲ့ နောက်ပိုင်းပွဲတွေမှာ နည်း နည်းပြန်ကျလာသလိုရှိတယ်။ လေဗာကူဆင်ပဲ ကြိုက်တယ်။

 

ဖရိုင်းဘတ် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၆ ရက် ည ၉:၀၀ နာရီ)

ဖရိုင်းဘတ်အသင်း ရှုံးပွဲပြန်တွေ့ခဲ့ရပေမဲ့ လတ်တလော အိမ်ကွင်းရလဒ်ပိုင်းတွေကတော့ အသိအမှတ်ပြုရပါလိမ့်မယ်။   ဖရိုင်းဘတ်က အသင်းလိုက်စုစည်းမှုအားကောင်းပြီး သွင်းဂိုးတွေအတွက် တစ်ဦးတစ်ယောက်တည်းအပေါ် မှီခိုရမှုမရှိတာကလည်း အဓိကအားသာချက်လိုဖြစ်နေတယ်။ ဒေါ့မွန်ကတော့ နောက်ဆုံးနိုင်ပွဲပြန်တွေ့ထားပေမဲ့ သိပ်တော့ယုံစားထားလို့ မရသေးဘူး။ ဟော်လန်းကလည်း ပယ်နယ်တီတောင် လွဲချော်နေလို့ ကစားသမားတစ်ဦးချင်းရဲ့ယုံကြည်မှုပိုင်းက အားနည်းချက်ရှိနေတယ်။ ဒေါ့မွန် နိုင်ရင်တောင် ဂိုးမပြတ်နိုင်လို့ ဖရိုင်းဘတ်ဘက်ကပဲ ရပ်တည်သင့်တယ်။

 

ရှော်လ်ကေး - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၆ ရက် ည ၉:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်းက နှစ်သစ်မှာ ဂိုးပြတ်နိုင်ပွဲ လုံးဝမရှိသေးဘူး။ လိုက်ပ်ဇစ်ရဲ့ခံစစ်ကလည်း အဝေးကွင်းနောက်ဆုံး (၂)ပွဲမှာ (၅)ဂိုးအထိ ပေးထားရတယ်။ နှစ်သင်းအကြား ခြေစွမ်းကွာဟချက် ကြီးမားပေမဲ့ ရှော်လ်ကေးအသင်းရဲ့ရုန်းကန်မှုက  အခုပွဲအပေါ် အဓိကသက်ရောက်မှုရှိလိမ့်မယ်။ ရှော်လ်ကေးအသင်း ရှုံးရင်တောင် ဂိုးမပြတ်ပါဘူး။

 

မိန့်ဇ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၆ ရက် ည ၉:၀၀ နာရီ)

အူန်ယွန်းဘာလင်က (၃)ပွဲဆက်နိုင်ပွဲပျောက်ထားလို့ အသင်းရဲ့ Form က မှန်းဆရပိုခက်ပါတယ်။ မိန့်ဇ်ကို အရဲစွန့် ရွေးချယ်တာပိုကောင်းမယ်။

 

အော့စ်ဘတ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၆ ရက် ည ၉:၀၀ နာရီ)

ဒီနှစ်သင်းအကြား ကွာဟချက်များပေမဲ့ အော့စ်ဘတ်က မထင်မှတ်တာတွေ လုပ်တတ်တဲ့ အစဉ်အလာရှိပါတယ်။ အော့စ်ဘတ် အမှတ်ရရင် အံ့ဩစရာမရှိပါဘူး။

 

မိုချန်ဂလာဘတ် - ကိုလုံး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၆ ရက် ည ၁၂:၀၀ နာရီ)

မိုချန်ဂလာဘတ်က ဘိုင်ယန်၊ ဒေါ့မွန်တို့အပါအဝင် အိမ်ကွင်းနောက်ဆုံး (၃) ပွဲဆက် အနိုင်ကစားထားတယ်။ ကိုလုံး ခြေတက်လာပေမဲ့ မိုချန် အနိုင်သေချာပါတယ်။