မက်ဆီ၏စာချုပ်အကြောင်း မီဒီယာသို့ဖွင့်ချမှုတွင် မိမိအနေဖြင့် ပါဝင်ပတ်သက်ခြင်းမရှိဟု အသင်းဥက္ကဋ္ဌဟောင်း ဘာတိုမြူပြောကြား

မက်ဆီ၏စာချုပ်အကြောင်း မီဒီယာသို့ဖွင့်ချမှုတွင် မိမိအနေဖြင့် ပါဝင်ပတ်သက်ခြင်းမရှိဟု အသင်းဥက္ကဋ္ဌဟောင်း ဘာတိုမြူပြောကြား
Photos : Getty Images
Photos : Getty Images
Published 3 February 2021

ဘာစီလိုနာအသင်းခေါင်းဆောင် မက် ဆီ၏စာချုပ်တန်ဖိုးအကြောင်း မီဒီယာသို့ ဖွင့်ချခဲ့မှုတွင် မိမိအနေဖြင့် ပါဝင်ပတ်သက်ခြင်းမရှိဟု အသင်းဥက္ကဋ္ဌဟောင်း ဘာတိုမြူ က ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းသည် အသင်းခေါင်းဆောင် မက်ဆီ နှင့် ချုပ်ဆိုထား သည့် ယူရို ၅၅၅ သန်းတန် စာချုပ်အကြောင်း ဖွင့်ချခဲ့သော စပိန်အခြေစိုက် El Mundo သတင်းစာကို တရားစွဲဆိုမည်ဟု ဇန်နဝါရီ ၃၁ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စာချုပ်အရ မက်ဆီသည် တစ်ရာသီလျှင် ယူရို ၁၃၈ သန်းအထိရရှိနေပြီး ဘာစီလိုနာ အသင်း၏ ငွေကြေးအကျပ်အတည်းနှင့် ကြွေးမြီကိစ္စများမှာ ၎င်းအား ပေးချေနေရသည့်လစာကြောင့် ဖြစ်ကြောင်း El Mundo က ဖော်ပြခဲ့သည်။ ယင်းစာချုပ်ကို မီဒီယာသို့ ဖွင့်ချသူမှာ ဥက္ကဋ္ဌဟောင်း ဘာတိုမြူဖြစ်နိုင်ခြေရှိသည်ဟု သတင်းများထွက်ပေါ်လာခဲ့ ခြင်းဖြစ်သည်။ 

ယင်းစွပ်စွဲချက်များနှင့်ပတ်သက်ပြီး ဘာတိုမြူက "ဒါက အလွန်စိုးရိမ်စရာကောင်းတဲ့ကိစ္စတစ်ခုပါ။ ပရိုစာချုပ်တွေကို ဖွင့်ချတာဟာ ဥပဒေနဲ့လည်း မညီပါဘူး။ တီဗွီမှာပြောတာ၊ စွပ်စွဲချက်တွေ ပြုလုပ်တာက အလွန်လွယ်ကူပါတယ်။ ဒါပေမဲ့ အခုကိစ္စက ဟာသလုပ်လို့မရပါဘူး။ တရားရုံးမှာ ဖြေရှင်းရမှာဖြစ်ပါတယ်။ ဘုတ်အဖွဲ့ဝင်ဟောင်း တစ်ယောက်ယောက် ဒါမှမဟုတ် ကျွန်တော် က ဒါကိုဖွင့်ချတယ်ဆိုတဲ့ မီဒီယာတချို့က ဖော်ပြတာတွေကို ကြားပါတယ်။ ဒီသတင်း တွေက လုံးဝမှားယွင်းပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent