၂၀၂၀ ပြည့်နှစ် World Lethwei Awards အတွက် ဆုရရှိသူများကို WLC က ထုတ်ပြန်ကြေညာ

၂၀၂၀ ပြည့်နှစ် World Lethwei Awards အတွက် ဆုရရှိသူများကို WLC က ထုတ်ပြန်ကြေညာ
Photos: WLC
Photos: WLC
Published 29 January 2021

မြန်မာ့ရိုးရာလက်ဝှေ့ပွဲများ စီစဉ်ကျင်းပသည့် World Lethwei Championship (WLC) သည် ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံးဆုများအဖြစ် ချီးမြှင့်မည့် World Lethwei Awards အတွက် ဆုရရှိသူများစာရင်းကို ဇန်နဝါရီ (၂၉)ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ် World Lethwei Awards အတွက် ဆုရရှိသူများကို ရွေးချယ်ရာတွင် ပရိသတ်က မဲပေးရွေးချယ်သည့်ဆုများနှင့် WLC က သီးသန့်ချီးမြှင့်သည့်ဆုများဟူ၍ ကဏ္ဍ (၂) ရပ်ပါဝင်ခဲ့ကြောင်း သိရသည်။ 

၂၀၂၀ ခုနှစ် World Lethwei Awards ဆုပေးပွဲအခမ်းအနားကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ တားဆီးရေးကန့်သတ်ချက်များကြောင့် လတ်တလောကာလတွင် ကျင်းပဦးမည်မဟုတ်ဘဲ ကန့်သတ်ချက်များဖြေလျော့ချိန်၌ ဆုပေးပွဲအခမ်းအနားကျင်းပမည်ဖြစ်ပြီး ဆုရရှိသူများအတွက် အခြားအထူးအစီအစဉ်များလည်း စီစဉ်ပေးသွားဖြစ်ကြောင်း WLC က ထုတ်ပြန်ကြေညာခဲ့သည်။

■ ပရိသတ် မဲပေးရွေးချယ်မှုအရ အကောင်းဆုံးဆုရရှိခဲ့သူများ

Fighter of The Year - အန်တိုနီယိုဖာရီယာ (ပေါ်တူဂီ)

Female Fighter of The Year - ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်)

International Fighter of The Year - အယ်လန်ဂါရီအာယွတ် (မော်ရိုကို)

Breakout Fighter of The Year - ဆင်မြူရယ်တော့စ်ကာနို (အီတလီ)

Newcomer of The Year - စိုးမင်းအောင် (မြန်မာ)

Knockout of The Year - ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်) Vs မိုင်ရှာကက်ဇ် (စပိန်)

Fight of The Year - ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်) Vs မိုင်ရှာကက်ဇ် (စပိန်)

Comeback of The Year - စိုးမင်းအောင် (မြန်မာ)

Upset of The Year - တူးတူး (မြန်မာ) Vs တူတာဗို့ (ဥဇဘက်ကစ္စတန်)

Myanmar Fighter of The Year - ရွှေရာမာဉ်

Legend of The Year - တွေ့မရှောင်

■ WLC က သီးသန့်ချီးမြှင့်သည့်ဆုရရှိခဲ့သူများ

Event of The Year - WLC: Battlebones

Winner Celebration of The Year - စိုးမင်းအောင် (မြန်မာ)

Coach of The Year - ချာလ်တန် (ဆိုရိစ်မန်ဖရက်ဒီ၏နည်းပြ)

Myanmar Referee of The Year - ဦးအောင်မွန်

Foreign Referee of The Year - ခူးမာရန်း (မလေးရှား)

Journalist of The Year - ဇော်ဇော်ထွန်း (ရိုးရာလေး)